Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 20:3

Judson Bible

အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် ငါ့​ထံ၌ မေး​လျှောက်​ခြင်း​ငှာ လာ​ကြ​သ​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့ မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။

တ​ရား​မ​နာ၊ လွှဲ​သွား​သော​သူ​သည် ဆု​တောင်း​သော်​လည်း၊ သူ၏​ပ​တ္ထ​နာ​စ​ကား​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။

သင်​တို့​သည် ငါ​ရှေ့​မှာ မျက်​နှာ​ပြ​ခြင်း​ငှာ​လာ​ကြ​သော​အ​ခါ၊ ငါ့​တံ​တိုင်း​တော်​ကို ကျော်​နင်း​သော​သင်​တို့​၌ ထို​သို့​သော​ဝတ်​ကို အ​ဘယ်​သူ​တောင်း​သ​နည်း။

သင်​တို့​သည်​လက်​ဝါး​တို့​ကို ဖြန့်​ကြ​သော​အ​ခါ၊ ငါ​သည်​မျက်​စိ​ကို​လွှဲ​မည်။ များ​စွာ​သော​ပ​တ္ထ​နာ​ကို​ပြု​ကြ​သော​အ​ခါ၊ ငါ​သည်​နား​မ​ထောင်။ သင်​တို့​လက်​တို့​သည် အ​သွေး​နှင့် ပြည့်​ကြ​၏။

သူ​တို့​သည် တ​ရား​ကျင့်​သော​အ​မျိုး၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပ​ညတ်​တို့​ကို မ​စွန့်​သော​အ​မျိုး​ကဲ့​သို့၊ နေ့​တိုင်း​ငါ့​ကို​ရှာ၍ ငါ၏​တ​ရား​လမ်း၌ မွေ့​လျော်​ကြ​သည်​တ​ကား။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ချက်​တို့​ကို ငါ့​ထံ​မှာ​အ​စဉ်​မေး​မြန်း၍၊ ဘု​ရား​သ​ခင့်​ထံ​သို့ ချဉ်း​ကပ်​ရာ၌ မွေ့​လျော်​ကြ​သည်​တ​ကား။

ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ချို့​တို့​သည်​လာ၍ ငါ့​ရှေ့​မှာ ထိုင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊

ပူ​ဇော်​သ​ကာ ပြု​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​သား​တို့​ကို​မီး​ဖြင့် ပူ​ဇော်​သ​ဖြင့်​လည်း​ကောင်း၊ ယ​နေ့​တိုင်​အောင် ရုပ်​တု​အ​ပေါင်း​တို့​နှင့် ညစ်​ညူး​လျက်​ရှိ​ကြ​စဉ်​တွင်၊ ငါ​သည် သင်​တို့​မေး​လျှောက်​ခြင်း​ကို ခံ​ရ​မည်​လော။ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း သင်​တို့​မေး​လျှောက်​ခြင်း​ကို ငါ​မ​ခံ။

ထို​မှ​တစ်​ပါး၊ အ​ချင်း​လူ​သား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကို ကြား​ကြ​ကုန်​အံ့​ဟု၊ ထ​ရံ​နား၊ အိမ်​တံ​ခါး​နား​မှာ သင့်​ကို​ရည်​မှတ်၍ တစ်​ယောက်​ကို​တစ်​ယောက် ပြော​တတ်​ကြ၏။

လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ရှာ​လျက်၊ ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး​တိုင်​အောင် လှည့်​လည်၍၊ တောင်​မြောက် ပြေး​သွား​သော်​လည်း မ​တွေ့​ရ​ကြ။

ထို​အ​ခါ ပ​ရော​ဖက်​တို့​သည် ရှက်​ကြောက်​ကြ​လိမ့်​မည်။ အ​နာ​ဂတ်​ကို ဟော​သော​သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင် ထူး​တော်​မ​မူ​သော​ကြောင့်၊ ထို​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နှုတ်​ကို ဖုံး​ထား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။

ထို​အ​ခါ၊ ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သော လူ​အ​စု​အ​ဝေး​တို့​အား ယော​ဟန်​ဟော​ပြော​သည်​ကား၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။-

ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။-

ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့်​လည်း​ကောင်း၊ ဥ​ရိမ်​အား​ဖြင့်​လည်း​ကောင်း၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း​ကောင်း ထူး​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ