Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 20:16

Judson Bible

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ရုပ်​တု​များ​ကို​ငဲ့​ကွက်​သော​ကြောင့်၊ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်၊ မ​ထီ​မဲ့​မြင်​ပြု၍ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​မ​ဟုတ်​လျှင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​တို့၏​အ​လို​သို့ စိတ်​နှ​လုံး​အား​ဖြင့် လိုက်​သော​သူ​တို့၏​အ​ပြစ်​ကို၊ သူ​တို့၏​ခေါင်း​ပေါ်​သို့ ငါ​ရောက်​စေ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ့​ကို​ပုန်​ကန်၍ ပြစ်​မှား​သော​သူ​တို့​ကို သင်​တို့​ထဲ​က​နုတ်​ပယ်​မည်။ သူ​တို့​သည် တည်း​နေ​သော​ပြည်​မှ ထွက်​သွား​ရ​သော်​လည်း၊ ဣ​သ​ရေ​လ​ပြည်​သို့ မ​ဝင်​ကြ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

သူ​တို့​သည် နား​မ​ထောင်၊ ငါ့​ကို​ပုန်​ကန်​ကြ၏။ အ​သီး​အ​သီး​ဖူး​မြင်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​ရာ​တို့​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရုပ်​တု​တို့​ကို​လည်း​ကောင်း၊ မ​စွန့်​ပစ်​ဘဲ​နေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့၌ ငါ့​ဒေါ​သ​စိတ်​ပြေ​မည်​အ​ကြောင်း၊ အဲ​ဂု​တ္တု​ပြည်​ထဲ​မှာ သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို သွန်း​လောင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

အ​သက်​ငယ်​စဉ်​အ​ခါ အဲ​ဂု​တ္တု​ပြည်၌ သူ​နှင့်​သင့်​နေ၍၊ အ​ပျို​မ​အ​သ​ရေ​ကို ရှုတ်​ချ​သ​ဖြင့်၊ အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ အဲ​ဂု​တ္တု​မေ​ထုန်​ကို​လည်း မ​စွန့်​ပစ်၊ မှီ​ဝဲ​လျက်​နေ၏။

ထို​ပန်း​ပွား​တို့​ကို သင်​တို့​သည်​ကြည့်​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား ပ​ညတ်​တော်​မူ​သ​မျှ​တို့​ကို အောက်​မေ့၍​ကျင့်​ကြ​မည်​အ​ကြောင်း၊ အ​ထက်​က ကိုယ်​အ​လို​သို့​လိုက်​လျက်၊ ကိုယ်​ဉာဏ်​ကို​မှီ​ဝဲ​လျက် မှား​ယွင်း​သ​ကဲ့​သို့ မ​လိုက်​မ​မှီ​ဝဲ၊

ထို​မိန်း​မ​တို့​သည် မိ​မိ​တို့​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​ရာ​ပွဲ​သို့ ဣ​သ​ရေ​လ​လူ​တို့​ကို ခေါ်​သွား​သ​ဖြင့်၊ ယောက်ျား​တို့​သည် ယဇ်​သား​ကို​စား၍ ထို​ဘု​ရား​ရှေ့​မှာ ဦး​ချ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ