Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 2:7

Judson Bible

သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သို့​ဖြစ်၍ သင်​သည် ခါး​ပန်း​ကို​စည်း၍​ထ​လော့။ ငါ​မှာ​ထား​သ​မျှ​ကို သူ​တို့​အား​ဟော​ပြော​လော့။ သူ​တို့​ရှေ့​မှာ သင့်​ကို ငါ​အ​ရှက်​မ​ခွဲ​ရ​မည်​အ​ကြောင်း သူ​တို့​ကို မ​ကြောက်​နှင့်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ကျွန်ုပ်​သည်​သူ​ငယ်​ဖြစ်​ပါ၏​ဟု မ​ပြော​နှင့်။ အ​ကြင်​သူ​ရှိ​ရာ​သို့ သင့်​ကို​ငါ​စေ​လွှတ်၏။ ထို​သူ​ရှိ​ရာ​သို့ သင်​သွား​ရ​မည်။ အ​ကြင်​စ​ကား​ကို ငါ​မှာ​ထား၏။ ထို​စ​ကား​ကို သင်​ဆင့်​ဆို​ရ​မည်။

လူ​များ​တို့​အား ပြော​ဆို​ရ​မည်​မှာ၊ ဤ​တံ​ခါး​တို့​ဖြင့် ထွက်​ဝင်​သော ယု​ဒ​ရှင်​ဘု​ရင်​များ​နှင့် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​များ အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

အိပ်​မက်​မြင်​သော ပ​ရော​ဖက်​သည် အိပ်​မက်​စ​ကား​ကို ပြော​ပါ​လေ​စေ။ ငါ၏​နှုတ်​က​ပတ်​တော်​ကို ခံ​ရ​သော​သူ​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကို မှန်​ကန်​စွာ ဟော​ပြော​ပါ​လေ​စေ။ အ​ဖျင်း​သည် စ​ပါး​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။

ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊

ထို​မင်း​အ​ပေါင်း​တို့​သည်​လည်း၊ ကု​ရှိ၊ ရှေ​လ​မိ၊ နာ​သ​နိ​တို့​မှ ဆင်း​သက်​သော ယေ​ဟု​ဒိ​ကို ဗာ​ရုတ်​ထံ​သို့ စေ​လွှတ်​လျက်၊ သင်​သည် လူ​များ​တို့​အား ဖတ်​သော​စာ​လိပ်​ကို သင့်​လက်​နှင့်​ကိုင်၍ လာ​ခဲ့​ဟု​ခေါ်​ကြ၏။ နေ​ရိ​သား ဗာ​ရုတ်​သည်​လည်း၊ စာ​လိပ်​ကို​ကိုင်၍ လာ၏။

ငါ​သည်​သင်​တို့​အား ယ​နေ့​ကြား​ပြော၏။ သင်​တို့​မူ​ကား၊ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ငါ့​အား​ဖြင့် မှာ​လိုက်​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။

ထို​သို့​ပြန်​ပြော​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား ယေ​ရ​မိ​ပြန်​ပြော​သည်​ကား၊

ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ဖောက်​ပြန်​သော​သူ၊ ကုန်း​တိုက်​တတ်​သော​သူ ဖြစ်​ကြ၏။ ကြေး​ဝါ​နှင့် သံ​သက်​သက်၊ ဖျက်​တတ်​သော အ​ရာ​သက်​သက် ဖြစ်​ကြ၏။

သင်​သည် ဤ​စ​ကား​အ​လုံး​စုံ​ကို သူ​တို့​အား ပြော​သော်​လည်း၊ သူ​တို့​သည် နား​မ​ထောင်​ကြ။ ခေါ်​သော်​လည်း မ​ထူး​ကြ။

ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​ခဲ့​ပြီး​သော အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အား ကြား​ပြော​လေ၏။

အ​ချင်း​လူ​သား၊ သင်​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ထဲ​မှာ​နေ၏။ သူ​တို့​သည် မြင်​ရ​သော မျက်​စိ​ရှိ​သော်​လည်း မ​မြင်​တတ်။ ကြား​ရ​သော နား​ရှိ​သော်​လည်း မ​ကြား​တတ်။ ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်​ကြ၏။

သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​တွင် ပ​ရော​ဖက်​ရှိ​သည်​ကို သိ​ရ​ကြ​မည်။

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ကို​အ​ထပ်​ထပ်​ပြစ်​မှား၍ ရှုတ်​ချ​ကြ​သည်​တ​ကား။

တစ်​ဖန်၊ အ​ချင်း​လူ​သား၊ သင့်​အား​ငါ​ပြော​လ​တ္တံ့​သ​မျှ​သော​စ​ကား​တို့​ကို နား​ထောင်၍ နှ​လုံး​သွင်း​လော့။

အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​တွင် ကင်း​စောင့်​အ​ရာ၌ ငါ​ခန့်​ထား​သော​ကြောင့်၊ ငါ​သ​တိ​ပေး​သော စ​ကား​ကို​နား​ထောင်၍ သူ​တို့​အား ဆင့်​ဆို​လော့။

တစ်​ဖန်၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​သွား၍ ငါ့​စ​ကား​ကို ဟော​ပြော​လော့။

ထို​အ​တူ၊ အ​ချင်း​လူ​သား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး၌ ကင်း​စောင့်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​သော​ကြောင့်၊ သင်​သည် ငါ၏ နှုတ်​ထွက်​စ​ကား​ကို နာ​ခံ၍ သူ​တို့​ကို သ​တိ​ပေး​ရ​မည်။

ထို​သူ​က၊ အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ စေ့​စေ့​နား​ထောင်​လော့။ ငါ​ပြ​လ​တ္တံ့​သ​မျှ​တို့​ကို နှ​လုံး​သွင်း​လော့။ သင့်​အား ငါ​ပြ​အံ့​သော​ငှာ သင့်​ကို​ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​ပြီ၊ မြင်​သ​မျှ​တို့​ကို​လည်း ဣ​သ​ရေ​လ​အ​မျိုး​အား ပြ​ရ​မည်​ဟု​ဆို၏။

ကောင်း​ကင်​ဗိုလ်​ခြေ​ကို အ​စိုး​ပိုင်​သော ဘု​ရား​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​တို့​သည်​နား​ထောင်၍ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

သင်​ထ၍ နိ​နေ​ဝေ​မြို့​ကြီး​သို့ သွား​လော့။ ငါ​မှာ​ထား​သည်​အ​တိုင်း ကြွေး​ကြော်​လော့​ဟု မိန့်​တော်​မူ၏။

ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ