Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 2:5

Judson Bible

သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​တွင် ပ​ရော​ဖက်​ရှိ​သည်​ကို သိ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​ဧ​လိ​ရှဲ​သည်​ကြား​လျှင်၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် အ​ဝတ်​ကို​ဆုတ်​သ​နည်း။ ထို​သူ​သည် ငါ့​ထံ​သို့ လာ​ပါ​လေ​စေ။ ဣ​သ​ရေ​လ​ပြည်၌​ပ​ရော​ဖက်​ရှိ​သည်​ကို သိ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​ကို မှာ​လိုက်​လေ၏။

ရှင်​ဘု​ရင်​သည် ထို​စာ​လိပ်​ကို​ယူ​ချေ​ဟု၊ ယေ​ဟု​ဒိ​ကို စေ​လွှတ်​သ​ဖြင့်၊ ယေ​ဟု​ဒိ​သည် စာ​ရေး​တော်​ဧ​လိ​ရှ​မာ၏ အ​ခန်း​ထဲ​က​ယူ၍၊ ရှင်​ဘု​ရင်​အ​စ​ရှိ​သော အ​ထံ​တော်၌​ရပ်​နေ​သော မှူး​မတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​လေ၏။

ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​သို့ မ​သွား​ကြ​နှင့်​ဟု သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။ ငါ​သည်​သင်​တို့​ကို ယ​နေ့ သက်​သေ​ခံ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။

အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ်​သော ဣ​သ​ရေ​လ​အ​မျိုး​က၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု သင့်​အား​မေး​သည်​ရှိ​သော်၊

ပုန်​ကန်​တတ်​သော အ​မျိုး​အား​သင်​ပြော​ရ​မည်​မှာ၊ ဤ​စ​ကား အ​ဘယ်​သို့​ဆို​လို​သည်​ကို နား​လည်​ကြ​သ​လော။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်၍၊ ယေ​ရု​ရှ​လင်​ရှင်​ဘု​ရင်​နှင့် မှူး​တော်​မတ်​တော်​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ပြီ။

သူ​တို့​သည် အ​လွန်​ပုန်​ကန်​တတ်​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင်​သည် ဖြစ်​စေ၊ ငါ့​စ​ကား​ကို သူ​တို့​အား ဟော​ပြော​ရ​မည်။

ပုန်​ကန်​တတ်​သော အ​မျိုး​အား​လည်း ပုံ​စ​ကား​တည်း​ဟူ​သော၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အိုး​ကင်း​ကို မီး​ဖို၌​တင်​ထား၍ ရေ​ကို​လောင်း​လော့။

သို့​မ​ဟုတ်၊ သင်​သည် လူ​ဆိုး​ကို သ​တိ​ပေး​လျက်​နှင့် သူ​သည် မိ​မိ​ပြု​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ မိ​မိ​လိုက်​သော အ​ဓ​မ္မ​လမ်း​ကို​လည်း​ကောင်း မ​ရှောင်​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သင်​မူ​ကား၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို ကယ်​နုတ်​လေ​ပြီ။

သင်​သည် သူ​တို့​ကို မ​ဆုံး​မ​ဘဲ​နေ​စေ​ခြင်း​ငှာ၊ စ​ကား​အ​လျက် သင့်​လျှာ​ကို အာ​ခေါင်၌ ကပ်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ၏။

သို့​ရာ​တွင် သင့်​အား​ငါ​ပြော​သော​အ​ခါ သင့်​နှုတ်​ကို ငါ​ဖွင့်​မည်။ သင်​က၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏​ဟု သူ​တို့​အား ဟော​ပြော​ရ​မည်။ နား​ထောင်​သော​သူ​သည် နား​ထောင်​စေ၊ နား​မ​ထောင်​သော​သူ​သည် နား​မ​ထောင်​ဘဲ​နေ​စေ။ သူ​တို့​သည် ပုန်​ကန်​တတ်​သော​အ​မျိုး​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

သို့​ရာ​တွင်၊ အ​မှု​ရောက်​လိမ့်​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​တွင်​ပ​ရော​ဖက်​ရှိ​ဖူး​သည်​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သို့​မ​ဟုတ်၊ လူ​ဆိုး​ကို​သူ၏​လမ်း​မှ​လွှဲ​စေ​ခြင်း​ငှာ သင်​သည် သ​တိ​ပေး၍ သူ​သည်​မ​လွှဲ​ဘဲ​နေ​လျှင်၊ မိ​မိ​အ​ပြစ်​ကြောင့် အ​သက်​ဆုံး​သော်​လည်း၊ သင်​သည် ကိုယ်​အ​သက်​ကို ကယ်​တင်​ပြီ။

ပုန်​ကန်​တတ်​သော​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊

ငါ​သည် လာ၍ ထို​သူ​တို့​အား မ​ဟော​မ​ပြော​လျှင် သူ​တို့၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား၊ မိ​မိ​တို့​အ​ပြစ်​ကို ဝှက်၍ မ​ထား​နိုင်​ကြ။-

ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို သင်​တို့​အား ရှေ့​ဦး​စွာ ဟော​ပြော​ရ၏။ သို့​သော်​လည်း သင်​တို့​သည်​ပယ်၍ ထာ​ဝ​ရ​အ​သက်​ကို မိ​မိ​တို့ မ​ခံ​ထိုက်​သည်​ဟု မိ​မိ​တို့​စီ​ရင်​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မှာ​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည်​မျက်​နှာ​ကို​လွှဲ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ လှည့်​ကြ၏။-

သူ​တို့​တွင် အ​ချို့​မ​ယုံ​သော်​လည်း၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​မ​ယုံ​ဘဲ​နေ​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်၏​သ​စ္စာ​တော်​ကို ဖျက်​နိုင်​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ