ယေဇကျေလ 2:3Judson Bibleအချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုးတည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလအမျိုးသားတို့ ရှိရာသို့ သင့်ကိုငါစေလွှတ်မည်။ အခန်းကိုကြည့်ပါ။ |
စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသောပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကိုပယ်၍ အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကြင်တစ်ပါးအမျိုးသားကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရားပညတ်တော်မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့လိုက်ကြ၏။
ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ ကိုယ်အပြစ်ကြောင့် ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်မှစ၍၊ အကျွန်ုပ်တို့သည် ယနေ့တိုင်အောင် ခံသကဲ့သို့၊ တစ်ပါးအမျိုးသား ရှင်ဘုရင်လက်သို့ အပ်ခြင်း၊ အသေသတ်ခြင်း၊ သိမ်းသွားခြင်း၊ လုယက်ခြင်း၊ မျက်နှာပျက်ခြင်းကို ခံရပါ၏။
အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။
ဘိုးဘေးတို့ လက်ထက်မှစ၍ သင်တို့သည် ငါစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ တိမ်းရှောင်ကြပြီ။ ငါထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်းဟု သင်တို့မေးကြသည်တကား။