ထိုဗျာဒိတ်ရူပါရုံကို ငါသည်မြင်သောအခါ ပျပ်ဝပ်လျက်နေ၏။ တစ်ဦးသောသူကလည်း၊ အချင်းလူသား၊ မတ်တတ်နေလော့။ သင့်အား ငါပြောမည်ဟု ငါ့အားဆိုသံကို ငါကြား၏။
လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။
ထိုသို့ ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင်၊ မိုးတိမ်၌ပေါ်သော သက်တံ၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွေ့ကား၊ ထာဝရဘုရား၏ဘုန်းတော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။
သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်းသွားခြင်းငှာ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင် အခြားတစ်ပါးသို့ နေရာပြောင်းလော့။ ပုန်ကန်တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်း ရကြလိမ့်မည်။
အချင်းလူသား၊ ကိုယ်အလိုအလျောက်ပရောဖက်ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တစ်ဖက်၌ ဟောပြောလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့။
အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ်လွန်ကျူး၍ ငါ့ကို ပြစ်မှားသောကြောင့်၊ ငါသည် လက်ကိုဆန့်၍ မုန့်အထောက်အပင့်ကို ချိုးသဖြင့်၊ အစာအာဟာရကိုခေါင်းပါးစေ၍၊ ထိုပြည်မှ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်လျှင်၊
အချင်းလူသား၊ ဤလူတို့သည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကို ထားကြပြီ။ သူတို့မေးလျှောက်ခြင်းကို ငါခံရမည်လော။
အချင်းလူသား၊ သစ်တော၌ သစ်ခက် သာမညဖြစ်သော စပျစ်နွယ်သားသည် အခြားသောသစ်သားထက် မြတ်သောအရာ တစ်စုံတစ်ခုရှိသလော။
အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာတို့ကို သိမည်အကြောင်း ပြုလော့။
အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ပုံပြောလျက်၊
အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုးတည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလအမျိုးသားတို့ ရှိရာသို့ သင့်ကိုငါစေလွှတ်မည်။
အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့စကားကို မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။
အချင်းလူသား၊ ငါပြောသောစကားကို နားထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန်သောသဘော မရှိနှင့်။ သင့်ပါးစပ်ကို ဖွင့်၍ ငါပေးသောအရာကို စားလော့ဟု မိန့်တော်မူလျှင်၊
အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှာ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။
တစ်ဖန်၊ အချင်းလူသား၊ သင်တွေ့သောအရာကို စားလော့။ ဤစာလိပ်ကို စားပြီးလျှင်၊ ဣသရေလအမျိုးသားတို့ရှိရာသို့ သွား၍ ဟောပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
တစ်ဖန်၊ အချင်းလူသား၊ သင့်အားငါပြောလတ္တံ့သမျှသောစကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။
အချင်းလူသား၊ သင့်ကို ဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိပေးသော စကားကိုနားထောင်၍ သူတို့အား ဆင့်ဆိုလော့။
တစ်ဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။
တစ်ဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။
ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတ္တံ့သမျှတို့ကို နှလုံးသွင်းလော့။ သင့်အား ငါပြအံ့သောငှာ သင့်ကိုဤအရပ်သို့ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလအမျိုးအား ပြရမည်ဟုဆို၏။
တစ်ဖန် အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန်းဖို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရားဟူမူကား၊
တစ်ဖန်တုံ၊ အချင်းလူသား၊ ထက်သောဓားတည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့် မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့်ချိန်၍ အစုစုခွဲထားလော့။
အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ရောက်ကြ၏။
သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှာ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တတ်နေ၏။
အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကိုငါရ၍၊ အကျွန်ုပ်၏သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကိုခွန်အားပေးတော်မူပြီဟု လျှောက်၏။
ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပျပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန်ရသောကာလနှင့် ဆိုင်သည်ဟု ငါ့အား ပြောဆို၏။
ယေရှုသည်လာ၍ သူတို့ကို လက်နှင့် တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊-
ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။-
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။-
သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။-
သို့သော်လည်း ထ၍ မြို့သို့ဝင်လော့။ သင်ပြုရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။-