သံကြိုးနှင့်ချည်နှောင်လျက် ဗာဗုလုန်ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင်ပေါ်မှာ နောက်တစ်ဖန် မမြည်စေခြင်းငှာ နှောင်အိမ်၌လှောင်ထားကြ၏။
ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုပ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင်မြို့မှာ မင်းမပြုစေခြင်းငှာ ဟာမတ်ပြည်၊ ရိဗလမြို့မှာအကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တစ်ထောင်နှင့် ရွှေအခွက်တစ်ဆယ်ကို အခွန်တောင်းလေ၏။
ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသော ပြည်သားများအပေါင်း၊
ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ ယူသွားခြင်းငှာ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
သင်၏မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းမှတစ်ပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။
သူတို့မုဆိုးများကို သိ၍၊ သူတို့မြို့များကို သုတ်သင်ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့် ပြည်၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။
အားနည်းသောသိုးကို မ မစကြ၊ နာသောသိုးတို့ကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်မစည်းကြ၊ သူတစ်ပါးနှင်သော သိုးကို လိုက်၍မဆောင်ခဲ့ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
တစ်ဖန် အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အို ဣသရေလတောင်တို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တစ်ဖက်၌ ပရောဖက်ပြုလော့။