Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 17:6

Judson Bible

အ​ရပ်​နိမ့်​လျက် ရှည်​လျား​စွာ​နွယ်​သော စ​ပျစ်​နွယ်​ပင်​ပေါက်၍၊ မိ​မိ​အ​ခက်​အ​လက်​တို့​ကို ရွှေ​လင်း​တ​ရှိ​ရာ​သို့ ညွှတ်​လျက်၊ သူ့​အောက်​သို့ အ​မြစ်​ထိုး​သ​ဖြင့်၊ အ​ကိုင်း​အ​ခက် အ​လက်​အ​ညွန့်​တို့​နှင့် ပြည့်​စုံ​သော စ​ပျစ်​နွယ်​ပင်​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။

ကိုယ်​တော်​သည် စ​ပျစ်​နွယ်​ပင်​ကို အဲ​ဂု​တ္တု​ပြည်​က​ဆောင်​ခဲ့၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ပြီး​မှ စိုက်​ပျိုး​တော်​မူ၏။

စ​ပျစ်​သီး​ကို သိမ်း​ယူ​ရာ​ကာ​လ​မ​တိုင်​မီ အ​ငုံ​စေ့​စုံ၍၊ အ​ပွင့်​လည်း လုံး​သော​အ​သီး ဖြစ်​စဉ်​အ​ခါ၊ အ​ညွန့်​များ​ကို တံ​စဉ်​နှင့်​ဖြတ်၍၊ အ​ခက်​အ​လက်​များ​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်။

ထို​နိုင်​ငံ​သည်​ယုတ်​ညံ့၍ နောက်​တစ်​ဖန်​မ​ထ​မ​ကြွ​ဘဲ၊ သ​စ္စာ​တော်​ကို စောင့်​သော​အား​ဖြင့်​သာ​တည်​စေ​ခြင်း​ငှာ၊ အား​ကြီး​သော​နိုင်​ငံ​သား​တို့​ကို​လည်း သိမ်း​သွား​ပြီ။

မျိုး​စေ့​ကို​လည်း​ယူ၍ ရေ​များ​ရာ​လယ်​ကွက်၌ ပျိုး​လျက်၊ မိုး​မ​ခ​ပင်​ကဲ့​သို့ ထား​လေ၏။

အ​မွေး​ထူ​ထပ်၍ ကြီး​စွာ​သော အ​တောင်​ရှိ​သော ရွှေ​လင်း​တ​ကြီး​တစ်​ကောင်​ရှိ၏။ စ​ပျစ်​ပင်​သည် မိ​မိ​စိုက်​ရာ​ချောင်း​မြောင်း​နား​မှာ ထို​ရွှေ​လင်း​တ၏​ကျေး​ဇူး​ကြောင့်၊ ရေ​ကို​ရ​အံ့​သော​ငှာ သူ​ရှိ​ရာ​သို့​အ​မြစ်​သွယ်​ဝိုက်၍ အ​ကိုင်း​လည်း ထိုး​လေ၏။

သင်၏​အ​မိ​သည် သင်​နှင့်​တူ​လျက်၊ ရေ​နား​မှာ​စိုက်​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ ဖြစ်၏။ ရေ​များ​သော​ကြောင့် အ​ခက်​အ​လက်​နှင့် ပြည့်​စုံ၍၊ များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။

တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန်​အ​စိုး​မ​ရ။ နိုင်​ငံ​တ​ကာ​တို့​တွင် အ​ယုတ်​ဆုံး​ဖြစ်​ရ​လိမ့်​မည်။ တစ်​ပါး​သော​လူ​မျိုး​တို့​ကို နောက်​တစ်​ဖန် အ​စိုး​မ​ရ​စေ​ခြင်း​ငှာ ငါ​ရှုတ်​ချ​မည်။

အ​ပင်​ပေါက်၍ အ​သီး​အ​နှံ​ထွက်​သော​အ​ခါ၊ တော​ပင်​များ​လည်း ထင်​ရှား​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ