ယေဇကျေလ 16:54Judson Bibleသို့ဖြစ်၍၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်သည် ညီအစ်မတို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ပြုသည်ထက် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံလော့။
ထိုအရပ်၌ ဧလံနှင့် သူ၏သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်းရှိသမျှတို့သည် ဓားဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတစ်ပါးကို ကြောက်စေတတ်သော်လည်း၊ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍ မြေအောက်အရပ်သို့ဆင်းသွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသော သူတို့နှင့်အတူ အရှက်ကွဲလျက် သေသောသူတို့နှင့်အတူ နေရာကျကြ၏။
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ ဆန့်ကျင်သောကြောင့်လည်းကောင်း၊ ငါ၏ စီရင်ချက်လမ်းသို့မလိုက်၊ ငါ၏ပညတ်တရားကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့၏ ထုံးစံဓလေ့သို့ လိုက်သောကြောင့်လည်းကောင်း၊