ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်၌ မေးမြန်းခြင်းငှာ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဖို့ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ။ စင်စစ်သေရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။