Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 14:22

Judson Bible

သို့​ရာ​တွင်၊ လွတ်၍ ထွက်​မြောက်​ရ​သော အ​ကျန်​အ​ကြွင်း သား​သ​မီး​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည် သင်​တို့​ရှိ​ရာ​သို့ ထွက်​လာ၍၊ ကျင့်​ကြံ​ပြု​မူ​သော အ​မှု​အ​ရာ​တို့​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့၌ ငါ​ရောက်​စေ​သ​မျှ​သော အ​မှု​များ​ကြောင့် စိတ်​ပူ​ပန်​ခြင်း​မ​ရှိ၊ သက်​သာ​ခြင်း​ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​ကို၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား၍၊ သူ​တို့​သည် ပေ​ရ​သိ​နိုင်​ငံ မ​တည်​မီ​တိုင်​အောင် ရှင်​ဘု​ရင်​ထံ၊ သား​တော်​မြေး​တော်​ထံ၌ ကျွန်​ခံ​လျက်​နေ​ရ​ကြ၏။

ထို​သို့ ပြည်​တော်​အ​လယ်၊ ပြည်​သား​တို့​တွင် ဖြစ်​ရ​သော်​လည်း သံ​လွင်​ပင်​ကို​လှုပ်၍ အ​သီး​ကို ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို သိမ်း​ယူ​သော​နောက်၊ အ​ကြွင်း​အ​ကျန်​ကို ကောက်​ရ​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။

ထို​ပြည်၌ ဆယ်​ဖို့​တွင်​တစ်​ဖို့ ကြွင်း​သေး​သော်​လည်း၊ ထို​အ​ကြွင်း​သည် အ​ထပ်​ထပ်​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်၊ ထင်း​ရှူး​ပင်​နှင့် သ​ပိတ်​ပင်​တို့​ကို ခုတ်​လှဲ၍၊ သစ်​ငုတ်​သည် ကြွင်း​သ​ကဲ့​သို့၊ သန့်​ရှင်း​သော​အ​နွယ်​သည် ထို​ပြည်၌ အ​ငုတ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တစ်​ပြည်​လုံး ပျက်​စီး​ရာ​ဖြစ်​လိမ့်​မည်။ ပျက်​စီး​ခြင်း​ကို ငါ​မ​ဆီး​တား၊

သူ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​တို့၌ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း​ဟု မေး​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​ကို​စွန့်​ပစ်၍၊ ကိုယ်​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့၏​အ​မှု​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ကိုယ်​မ​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်​ဟု၊ သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်။

သို့​ရာ​တွင်၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် လွတ်၍၊ ငါ​ကျန်​ကြွင်း​စေ​သော သူ​အ​ချို့​တို့​သည် မိ​မိ​တို့​ပြု​ဖူး​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​ရှိ​သ​မျှ​တို့​ကို၊ နောက်​ရောက်​သော တစ်​ပါး​အ​မျိုး​သား​နေ​ရာ​ပြည်​တို့၌ ဖော်​ပြ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။

သို့​ဖြစ်၍၊ သင်​သည် သူ​တို့​ကို​နှစ်​သိမ့်​စေ၍၊ ပြု​လေ​သ​မျှ​တို့​ကြောင့် စိတ်​ပျက်​လျက် အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သင်​ပြု​ဖူး​သ​မျှ​သော အ​မှု​တို့​ကို ငါ​မ​မှတ်။ စိတ်​ပြေ​သော​အ​ခါ သင်​သည်​အောက်​မေ့၍ ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ကြောင့်၊ နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သင်​တို့ ညစ်​ညူး​သော ကျင့်​ကြံ​ပြု​မူ​ရာ​အ​မှု​ရှိ​သ​မျှ​တို့​ကို ထို​ပြည်၌ အောက်​မေ့၍၊ ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

မြေ​တွင်း​ထဲ​သို့ ဆင်း​သွား​သော​သူ​တို့​နှင့်​အ​တူ သူ့​ကို မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ ငါ​နှိမ့်​ချ​သော​အ​ခါ၊ နှိမ့်​ချ​သံ​အား​ဖြင့် လူ​အ​မျိုး​မျိုး​တို့​ကို ငါ​တုန်​လှုပ်​စေ၏။ ဧ​ဒင်​သစ်​ပင်​ရှိ​သ​မျှ​တို့​နှင့် အ​ကောင်း​ဆုံး၊ အ​မြတ်​ဆုံး​သော လေ​ဗ​နုန်​သစ်​ပင်​မှ​စ၍၊ ရေ​ကို​သောက်​သ​မျှ​သော သစ်​ပင်​တို့​သည် မြေ​အောက်​အ​ရပ်​တို့၌ သက်​သာ​ခြင်း​သို့​ရောက်​ကြ၏။

ဖာ​ရော​ဘု​ရင်​သည် ထို​လူ​များ​တို့​ကို​မြင်၍၊ ဓား​ဖြင့်​သေ​သော မိ​မိ​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကြောင့် ပူ​ပန်​သော​စိတ်​လျော့၍၊ ဖာ​ရော​ဘု​ရင်​နှင့် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် သက်​သာ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သို့​ရာ​တွင် တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​ဖြစ်​ကြ၏။ ကိုယ်​ပြည်​မှ ထွက်​သွား​ရ​ကြ၏​ဟု သူ​တစ်​ပါး​ပြော​ဆို​သ​ဖြင့်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​သော​ကြောင့်၊

ထို​အ​ခါ သင်​တို့​သည် ကိုယ်​ကျင့်​ဖူး​သော အ​ကျင့်​ဆိုး​နှင့် မ​ကောင်း​သော​အ​မှု​တို့​ကို အောက်​မေ့၍၊ ကိုယ်​ဒု​စ​ရိုက်​အ​ပြစ်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကြောင့် ကိုယ်​ကို​ကိုယ် ရွံ​ရှာ​ကြ​လိမ့်​မည်။

သို့​ရာ​တွင် လွတ်​သော​သူ​တို့​သည် လွတ်​သော​အ​ခါ၊ အ​သီး​အ​သီး မိ​မိ​တို့​အ​ပြစ်​ကြောင့် စိတ်​မ​သာ ညည်း​တွား​လျက်၊ ချိုင့်​သား​ချိုး​ကဲ့​သို့ တောင်​ပေါ်​မှာ ရှိ​ကြ​လိမ့်​မည်။

ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ လူ​ကို​မ​ငံ့​လင့်၊ လူ​သား​တို့၏ အ​လို​သို့​မ​လိုက်​သော မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ထို​ကာ​လ​ကို ဘု​ရား​သ​ခင်​သည် တာ​ရှည်​စေ​လျှင်၊ အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​တော်​မူ​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ထို​ကာ​လ​ကို တို​စေ​တော်​မူ​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​သော​ကြောင့် သင်​တို့​ကို စွန့်​ပစ်​ဖျက်​ဆီး​တော်​မ​မူ။ သင်​တို့​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို မေ့​လျော့​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ