Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 13:8

Judson Bible

ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​ချည်း​နှီး​သော​စ​ကား​ကို​ပြော၍ မု​သား​ရူ​ပါ​ရုံ​ကို​မြင်​သော​ကြောင့် ငါ​သည် သင်​တို့​တစ်​ဖက်၌​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​က​လည်း၊ ငါ​သည် သင်​ကဲ့​သို့​ပ​ရော​ဖက်​ဖြစ်၏။ သင်​သည် မုန့်​ကို​စား၍ ရေ​ကို​သောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ့​အိမ်​သို့ ခေါ်​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​တ​မန်​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် မှာ​ထား​ပြီ​ဟု မု​သား​သုံး၍​ပြော​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ချိုင့်၌​နေ​သော​သူ၊ အို လွင်​ပြင်၌​ရှိ​သော​ကျောက်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်​တို့​က၊ ငါ​တို့​ကို အ​ဘယ်​သူ စစ်​တိုက်​နိုင်​မည်​နည်း။ ငါ​တို့​နေ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဝင်​နိုင်​မည်​နည်း​ဟု ဆို​တတ်​သော်​လည်း၊

သို့​ဖြစ်၍၊ ငါ့​စ​ကား​တော်​ကို အိမ်​နီး​ချင်း တစ်​ယောက်​မှ​တစ်​ယောက် ခိုး​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ န​ဟေ​လံ​ရွာ​သား​ရှေ​မာ​ယ​နှင့် သူ၏​အ​မျိုး​ကို ငါ​သည်​ဒဏ်​ပေး​မည်။ ဤ​အ​မျိုး​သား​တို့​တွင်၊ သူ၏ လူ​တစ်​ယောက်​မျှ နေ​ရ​သော​အ​ခွင့် မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​စေ​ခြင်း​ငှာ သွန်​သင်​သော​ကြောင့်၊ ငါ၏​လူ​မျိုး၌ ငါ​ပြု​လ​တ္တံ့​သော ကျေး​ဇူး​ကို သူ​သည်​မ​မြင်​ရ​ဟု၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​အ​ပေါင်း​တို့​ကို စာ​ပေး​လိုက်​ရ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍ မှာ​ထား​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖျက်​ဆီး​တတ်​သော​သ​ဘော​ရှိ၍၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ဖျက်​ဆီး​တတ်​သော​တောင်​ကြီး၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​ပေါ်​မှာ ငါ၏​လက်​ကို​ဆန့်​လျက်၊ ကျောက်​တို့​မှ သင့်​ကို​လှိမ့်​ချ၍၊ မီး​နှင့်​ကျွမ်း​လောင်​သော​တောင် ဖြစ်​စေ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​ပြည်​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် သင့်​ကို​ရန်​ဘက်​ပြု​လျက်၊ ငါ့​ဓား​ကို​ဓား​အိမ်​မှ​ထုတ်၍၊ သင်၌​တ​ရား​သော​သူ၊ မ​တ​ရား​သော​သူ​တို့​ကို ပယ်​ဖြတ်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင့်​တစ်​ဖက်​၌ ငါ​နေ၏။ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တက်​သ​ကဲ့​သို့၊ လူ​အ​မျိုး​မျိုး​တို့​သည် သင့်​ကို​တက်၍ တိုက်​စေ​မည်။

အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ အို ဇိ​ဒုန်​မြို့၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​အ​လယ်၌ ငါ့​ဘုန်း​တန်​ခိုး​သည် ထင်​ရှား​လိမ့်​မည်။ သင့်​ကို​ငါ​သည် အ​ပြစ်​ဒဏ်​ပေး၍ ရို​သေ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​များ​သိ​ရ​ကြ​လိမ့်​မည်။

သင်​နှင့် သင့်​မြစ်​တစ်​ဖက်၌ ငါ​နေ၏။ အဲ​ဂု​တ္တု​ပြည်​ကို မိ​ဂ​ဒေါ​လ​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ အဲ​သ​ယော​ပိ​ပြည် စွန်း တိုင်​အောင်​လည်း​ကောင်း၊ ဓား​နှင့်​ဖျက်​ဆီး၍ ဆိတ်​ညံ​စေ​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​သိုး​ထိန်း​တို့ တစ်​ဖက်၌​နေ၏။ ငါ့​သိုး​များ​ကို သူ​တို့၌​ငါ​တောင်း၍ သိုး​ထိန်း​အ​ရာ​ကို နုတ်​မည်။ သိုး​ထိန်း​တို့​သည် နောက်​တစ်​ဖန် ကိုယ်​ကို မ​ကျွေး​မွေး​ရ​ကြ။ ငါ့​သိုး​များ​ကို သူ​တို့​ပါး​စပ်​မှ​ငါ​နုတ်၍ နောက်​တစ်​ဖန် မ​ကိုက်​မ​စား​ရ​ကြ။

အို စိ​ရ​တောင်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင့်​ကို ငါ​တိုက်၍ သုတ်​သင်​ပယ်​ရှင်း​မည်။

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ဂေါ​ဂ​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရော​ရှ၊ မေ​ရှက်၊ တု​ဗ​လ​ပြည်​တို့​ကို အ​စိုး​ရ​သော အို ဂေါ​ဂ​မင်း၊ ငါ​သည်​သင့်​တစ်​ဖက်၌​နေ၏။

ငါ​သည် ကိုယ်​တိုင်​သင့်​တစ်​ဖက်၌ နေ၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်၏​ရ​ထား​တို့​ကို မီး​ခိုး​ထဲ​မှာ မီး​ရှို့​မည်။ သင်၏​ခြင်္သေ့​ပျို​တို့​ကို ဓား​ဖြင့် ဖျက်​ဆီး​မည်။ သင်​လု​ယူ​သော​ဥ​စ္စာ​ကို မြေ​ကြီး​မှ ပယ်​ရှင်း​မည်။ သင်၏​သံ​တ​မန်​တို့ စ​ကား​သံ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​ကြား​ရ။

ဝိ​ညာဉ်​တော်​သည် အ​တည့်​အ​လင်း ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ နောင်​ကာ​လ၌ ဩ​တ္တ​ပ္ပ​စိတ်​တွင် သံ​ပူ​နှင့်​ခတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ မု​သား​စ​ကား​ကို ပြော​တတ်​သော သူ​တို့၏ လျှို့​ဝှက်​ခြင်း​အား​ဖြင့်၊ လူ​အ​ချို့​တို့​သည် ယုံ​ကြည်​ခြင်း​ကို စွန့်​ပယ်၍၊ လှည့်​ဖြား​တတ်​သော စိတ်​ဝိ​ညာဉ်​တို့၌​လည်း​ကောင်း၊ နတ်​ဘု​ရား​တို့​နှင့်​စပ်​ဆိုင်​သော ဩ​ဝါ​ဒ​တို့၌​လည်း​ကောင်း မှီ​ဝဲ​ဆည်း​ကပ်​ကြ​လိမ့်​မည်။-

ကိုယ်​ကာ​ယ​ကို​ဆုံး​မ​ခြင်း​သည် များ​စွာ​သော အ​ကျိုး​ကို မ​ပေး​တတ်။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​မူ​ကား၊ ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့် စပ်​ဆိုင်​သော​က​တိ​တော်​ကို ရ​သည်​ဖြစ်၍၊-

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့ ဆု​တောင်း​ခြင်း​ကို​လည်း နား​ထောင်​တော်​မူ၏။ ဒု​စ​ရိုက်​ပြု​သော သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မျက်​နှာ​လွှဲ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ