Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 13:3

Judson Bible

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​မြင်​ဘဲ၊ ကိုယ်​စိတ်​အ​လို​သို့ လိုက်​တတ်​သော ပ​ရော​ဖက်​မိုက်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဉာဏ်​ကောင်း​သော​သူ၏​စိတ်​နှ​လုံး​သည် ပ​ညာ​အ​တတ်​ကို ရှာ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​ခြင်း​ကို ကျက်​စား​တတ်၏။

ပ​ညာ​ရှိ​သော​သူ၏​လျှာ​သည် ပ​ညာ​အ​တတ်​ကို တင့်​တယ်​စေ​တတ်၏။ မိုက်​သော​သူ​တို့၏​နှုတ်​မူ​ကား၊ မိုက်​သော​အ​ရာ​ကို သွန်း​လောင်း​တတ်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို ဖျက်​ဆီး၍၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်​ပြု၍ သင်​တို့​အား ဟော​တတ်​သော​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် သင်​တို့​အား အ​ချည်း​နှီး​ဟော​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​သို့​မ​လိုက်၊ ကိုယ်​အ​လို​အ​လျောက် ရူ​ပါ​ရုံ​ကို​မြင်​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ​၏။

ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။

ပ​ရော​ဖက်​ယေ​ရ​မိ​က​လည်း၊ ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စေ​လွှတ်​တော်​မ​မူ။ ဤ​လူ​မျိုး​သည် မု​သား၌ ခို​လှုံ​မည်​အ​ကြောင်း​ကို သင်​ပြု​တတ်၏။

သင်၏ ပ​ရော​ဖက်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ၊ မိုက်​သော​အ​ရာ​တို့​ကို သင့်​အ​ဖို့​မြင်​ကြ​ပြီ။ သိမ်း​သွား​ချုပ်​ထား​သော အ​မှု​ကို ပြေ​စေ​ခြင်း​ငှာ၊ သင်၏​အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ မှား​သော​ရူ​ပါ​ရုံ၊ လမ်း​လွဲ​စ​ရာ​အ​ရာ​ကို သင့်​အ​ဖို့ မြင်​ကြ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ အ​သက်​ဝိ​ညာဉ်​တို့​ကို​ဖမ်း​ခြင်း​ငှာ ခပ်​သိမ်း​သော​သူ​တို့၏​နံ​ပါး၌ ခေါင်း​အုံး​ကို​ထည့်၍၊ လူ​အ​ကြီး​အ​ငယ်​တို့ ခေါင်း​ပေါ်​မှာ ဦး​ထုပ်​တို့​ကို တင်​ထား​သော​မိန်း​မ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​လူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို​ဖမ်း၍၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို သေ​ခြင်း​မှ ကယ်​ချွတ်​ကြ​လိမ့်​မည်​လော။

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ပ​ရော​ဖက်​တို့​သည် တော၌​နေ​သော မြေ​ခွေး​နှင့်​တူ​ကြ၏။

အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လျက်၊ သိုး​ထိန်း​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ကိုယ်​ကို​သာ ကျွေး​မွေး​သော ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သိုး​ထိန်း​သည် သိုး​တို့​ကို မ​ကျွေး​မွေး​ရ​သ​လော။

စစ်​ကြော​ရ​သော အ​ချိန်​ရောက်​လေ​ပြီ။ အ​ပြစ်​ပေး​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး သိ​ရ​လိမ့်​မည်။ ပ​ရော​ဖက်​သည် အ​မိုက်​ဖြစ်၏။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ခံ​သော​သူ​သည် အ​ရူး​ဖြစ်၏။ သင်၌ အ​ပြစ်​ကြီး​သည်​အ​တိုင်း ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​ကို ခံ​ရ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ မိုက်​သော သိုး​ထိန်း၏​တန်​ဆာ​တို့​ကို သိမ်း​ယူ​လော့။

လူ​မိုက်​တို့၊ အ​ပြင်​ကို ဖန်​ဆင်း​သော​သူ​သည် အ​တွင်း​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။-

ကျမ်း​တတ်​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​ဖွင့်​သော​သော့​ကို သိမ်း​ထား​ကြ​ပြီ။ မိ​မိ​တို့​လည်း​မ​ဝင်၊ ဝင်​လို​သော​သူ​တို့​ကို​လည်း ဆီး​တား​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရုံ​ပြု​လျှင် ဝါ​ကြွား​ခြင်း အ​ကြောင်း​မ​ရှိ​သေး။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မ​ဟော​ဘဲ​မ​နေ​နိုင်။ မ​ဟော​ဘဲ​နေ​လျှင် အ​မင်္ဂ​လာ​ရှိ၏။-

မာ​န​နှင့်​ယစ်​မူး၍ အ​လျှင်း​နား​မ​လည်​ဘဲ၊ ပု​စ္ဆာ​အ​မေး​ကို ဆွေး​နွေး၍ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​သော​အား​ဖြင့် စိတ်​ပေါ့​သော​သူ​ဖြစ်၏။ ထို​သို့​ပြု​လျှင်၊ ငြူ​စူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ မ​နာ​လို​သော ကြံ​စည်​ခြင်း၊-

ထို​သူ​နှစ်​ယောက်​တို့၏ မိုက်​မဲ​ခြင်း​သည် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထင်​ရှား​သ​ကဲ့​သို့၊ ဤ​သူ​တို့၏ မိုက်​မဲ ခြင်း​သည်​လည်း ထင်​ရှား​လိမ့်​မည်။ သို့​ဖြစ်၍ သူ​တို့​သည် တိုး၍ မ​လွန်​မ​သွား​ရ​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ