Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 13:20

Judson Bible

ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သက်​ဝိ​ညာဉ်​တို့​ကို ရ​အောင်​ဖမ်း​လျက်၊ သုံး​တတ်​သော ခေါင်း​အုံး​တို့​ကို ငါ​သည် ရန်​ဘက်​ပြု၍ သင်​တို့​နံ​ပါး​မှ ဆွဲ​နုတ်​ပြီး​လျှင်၊ သင်​တို့​ရ​အောင်​ဖမ်း​သော အ​သက်​ဝိ​ညာဉ်​တို့​ကို ငါ​လွှတ်​လိုက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဟော​ပြော​ဆင့်​ဆို​ရ​မည်​မှာ၊ အ​သက်​ဝိ​ညာဉ်​တို့​ကို​ဖမ်း​ခြင်း​ငှာ ခပ်​သိမ်း​သော​သူ​တို့၏​နံ​ပါး၌ ခေါင်း​အုံး​ကို​ထည့်၍၊ လူ​အ​ကြီး​အ​ငယ်​တို့ ခေါင်း​ပေါ်​မှာ ဦး​ထုပ်​တို့​ကို တင်​ထား​သော​မိန်း​မ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ငါ့​လူ​တို့၏ အ​သက်​ဝိ​ညာဉ်​ကို​ဖမ်း၍၊ ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို သေ​ခြင်း​မှ ကယ်​ချွတ်​ကြ​လိမ့်​မည်​လော။

မု​ယော​ဆန် တစ်​လက်​ဆွန်း​နှင့် မုန့်​တစ်​ဖဲ့​ကို​ရ​အံ့​သော​ငှာ၊ ငါ၏​လူ​တို့​တွင် ငါ့​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်​လော။ မု​သား​စ​ကား​ကို နား​ထောင်​တတ်​သော ငါ၏​လူ​တို့​အား မု​သား​စ​ကား​ကို ပြော​သော​အား​ဖြင့်၊ မ​သေ​အပ်​သော သူ​တို့၏​အ​သက်​ကို​သတ်၍၊ မ​ရှင်​အပ်​သော​သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်​လော။

သင်​တို့​ဦး​ထုပ်​တို့​ကို​လည်း ငါ​ဆုတ်၍၊ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ကယ်​နုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် အ​ဖမ်း​ခံ၍၊ သင်​တို့​လက်​သို့ မ​ရောက်​ရ​ကြ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ