Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 13:17

Judson Bible

ထို​မှ​တစ်​ပါး၊ အ​ချင်း​လူ​သား၊ ကိုယ်​အ​လို​အ​လျောက် ပ​ရော​ဖက်​ပြု​သော သင်၏​အ​မျိုး​သ​မီး​တို့​တစ်​ဖက်၌ မျက်​နှာ​ပြု၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား၊ အ​ချုပ်​ဝန်​ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​ပြင်​မြို့၌​နေ​သည် ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်၊ ရှာ​ဖန်၊ အ​သ​ဟိ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။

အို အ​ကျွန်ုပ် ဘု​ရား​သ​ခင်၊ ထို​သို့​ပြု​တတ်​သော တော​ဘိ​နှင့် သ​မ္ဘာ​လတ်​ကို​လည်း​ကောင်း၊ နော​ဒိ​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​မှ​စ၍ အ​ကျွန်ုပ်​ကို ခြိမ်း​ခြောက်​သော ပ​ရော​ဖက်​တို့​ကို​လည်း​ကောင်း မှတ်​တော်​မူ​ပါ။

ဇိ​အုန်​သ​တို့​သ​မီး​တို့၏ အ​ညစ်​အ​ကြေး​ကို​ဆေး​ကြော၍၊ ယေ​ရု​ရှ​လင်​မြို့၏​အ​သွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​ပြီး​လျှင်၊ ဇိ​အုန် တောင်​မှာ​ကျန်​ကြွင်း၍၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​သော​သူ​တည်း​ဟူ​သော အ​သက်​စာ​ရင်း​ဝင်​သ​မျှ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ ကိုယ်​အ​လို​အ​လျောက်​ပ​ရော​ဖက်​ပြု၍ ဟော​ပြော​တတ်​သော ဣ​သ​ရေ​လ​အ​မျိုး ပ​ရော​ဖက်​တို့​တစ်​ဖက်၌ ဟော​ပြော​လော့။ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ဟု သူ​တို့​အား​ပြော​လော့။

အ​ချင်း​လူ​သား၊ တောင်​ဘက်​သို့​မျက်​နှာ​ပြု​လျက်၊ တောင်​မျက်​နှာ​တစ်​ဖက်၌ မြွက်​ဆို၍၊ တောင်​ပြည်၌​ရှိ​သော တော​တစ်​ဖက်၌ ဟော​ပြော​လော့။

အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့​ကို​မျက်​နှာ​ပြု​လျက်၊ သန့်​ရှင်း​သော အ​ရပ်​ဌာ​န​တို့​တစ်​ဖက်၌ မြွက်​ဆို၍ ဣ​သ​ရေ​လ​ပြည်​တစ်​ဖက်၌ ဟော​ပြော​လော့။

ထို​မှ​တစ်​ပါး၊ သံ​ပြား​ကို​ယူ၍၊ သင်​နှင့် မြို့​စပ်​ကြား​မှာ သံ​ရိုး​ဖြစ်​စေ​ခြင်း​ငှာ ထောင်​ပြီး​လျှင်၊ မြို့​တစ်​ဖက်၌ သင်၏​မျက်​နှာ​ကို​ထား​လော့။ ထို​သို့ ဝိုင်း​ထား​သ​ဖြင့်၊ ထို​မြို့​သည် ဝိုင်း​ထား​ခြင်း​ကို ခံ​ရ​မည်။ ဤ​သည်​ကား ဣ​သ​ရေ​လ​အ​မျိုး​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​လိမ့်​မည်။

အာ​ရှာ​အ​မျိုး​ဖြစ်​သော ဖ​နွေ​လ၏​သ​မီး၊ အ​န္န​အ​မည်​ရှိ​သော ပ​ရော​ဖက်​မ​တစ်​ယောက်​ရှိ၏။ သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ ခု​နစ်​နှစ်​သာ​လင်​နှင့် နေ​ပြီး​လျှင်၊-

ထို​သူ၌ ပ​ရော​ဖက်​ပြု​သော သ​မီး​က​ညာ လေး​ယောက်​ရှိ၏။-

သို့​သော်​လည်း၊ ယု​ဒ​လူ​တို့​တွင် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ကြ၏။ ထို​နည်း​တူ ဖျက်​ဆီး​တတ်​သော မိ​စ္ဆာ​ဒိ​ဋ္ဌိ​အ​ယူ​များ​ကို ပ​ရိ​ယာယ်​အား​ဖြင့် သွင်း၍၊ မိ​မိ​တို့​ကို ဝယ်​တော်​မူ​သော အ​ရှင်​ကို​ငြင်း​ပယ်​လျက်၊ မိ​မိ​အ​ပေါ်​သို့ လျင်​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို ရောက်​စေ​သော မိ​စ္ဆာ​ဆ​ရာ​တို့​သည် သင်​တို့​တွင် ရှိ​ကြ​လိမ့်​မည်။-

သို့​သော်​လည်း၊ ငါ၏​အ​စေ​ခံ​ကျွန်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရော​ဖက်​မ​ဟူ၍ ကိုယ်​ကို​ခေါ်​ဝေါ်​သော သင်၏​ခင်​ပွန်း ယေ​ဇ​ဗေ​လ​သည် သွန်​သင်၍ မှား​ယွင်း​စေ​ရ​သော​အ​ခွင့်​ကို သင်​သည်​ပေး​သော​ကြောင့်၊ သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။-

ထို​ကာ​လ​အ​ခါ လ​ပိ​ဒုတ်​မယား ပ​ရော​ဖက်​မ​ဒေ​ဗော​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ