Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 13:14

Judson Bible

ထို​သို့​သင်​တို့​သည် အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​အုတ်​ရိုး​ကို မြေ​တိုင်​အောင်​ငါ​ဖြို​ချ၍ အ​မြစ်​ကို​လှန်​သ​ဖြင့်၊ အုတ်​ရိုး​သည်​လဲ၍ ဖိ​မိ​လျက်၊ သင်​တို့​သည် အ​သက်​ဆုံး​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို ထို​အ​ခါ သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သတ်​ရ​သော​အ​ချိန်​နှင့် အ​နာ​ပျောက်​စေ​ရ​သော အ​ချိန်​လည်း​ရှိ၏။ ဖြို​ဖျက်​ရ​သော​အ​ချိန်​နှင့် တည်​ဆောက်​ရ​သော အ​ချိန်​လည်း​ရှိ၏။

တ​ရား​မှု​ကို ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို မျဉ်း​ကြိုး​နှင့် မှန်​ထုပ်​အား​ဖြင့် ငါ​ပြု​မည်။ မိုး​သီး​ရွာ၍ ကိုး​စား​ရာ​မု​သား​ကို ပယ်​ရှား​လိမ့်​မည်။ ပုန်း​ကွယ်​ရာ​အ​ရပ်​ကို​လည်း ရေ​လွှမ်း​မိုး​လိမ့်​မည်။

သင်​တို့​အ​ပြစ်​သည် ပြို​ကျ​လု​သော အုတ်​ရိုး​ပျက်​ကဲ့​သို့​လည်း​ကောင်း၊ မြင့်​သော​အုတ်​ထ​ရံ၌ မ​ညီ​မ​ညွတ် ထွက်​ဝင်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ ထို​ထ​ရံ​သည် အ​လျင်​တ​ဆော ချက်​ချင်း ပြို​ပျက်​တတ်၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​ပြည်၌ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​မ​ရှိ​ရ​ဟု၊ ငါ​မ​စေ​လွှတ်​ဘဲ၊ ငါ့​နာ​မ​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း​မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​ပြီး​မှ ရှက်​ကြ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ မျက်​နှာ မ​ပျက်​တတ်​ကြ။ ထို​ကြောင့်၊ တစ်​ယောက်​နောက်​တစ်​ယောက် လဲ​ကြ​လိမ့်​မည်။ ငါ​စစ်​ကြော​သော​အ​ခါ နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သို့ အုတ်​ရိုး၌​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော သူ​တို့၌​လည်း​ကောင်း၊ ငါ​သည်​ကိုယ်​အ​မျက်​ကို ဖြေ​မည်။ အုတ်​ရိုး​မ​ရှိ ဟူ၍​လည်း​ကောင်း၊ အင်္ဂ​တေ​နှင့် မွမ်း​မံ​သော​သူ​တည်း​ဟူ​သော၊

သင်​တို့​ဦး​ထုပ်​တို့​ကို​လည်း ငါ​ဆုတ်၍၊ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ကယ်​နုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် အ​ဖမ်း​ခံ၍၊ သင်​တို့​လက်​သို့ မ​ရောက်​ရ​ကြ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

နောက်​တစ်​ဖန် သင်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ​ကို မ​မြင်​ရ​ကြ။ ပ​ရော​ဖက်​ပြု၍ မ​ဟော​ရ​ကြ။ ငါ၏​လူ​တို့​ကို သင်​တို့​လက်​မှ ငါ​ကယ်​နုတ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ချည်း​နှီး​သော​အ​ရာ​ကို​မြင်၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​သော ပ​ရော​ဖက်​တို့​ကို ငါ​ဆီး​တား​သ​ဖြင့်၊ သူ​တို့​သည် ငါ၏​ပ​ရိ​သတ်​စည်း​ဝေး​ရာ​သို့ မ​ဝင်​ရ​ကြ။ ဣ​သ​ရေ​လ​အ​မျိုး၏​စာ​ရင်း၌ သူ​တို့​အ​မည်​ကို မ​သွင်း​ရ။ ဣ​သ​ရေ​လ​ပြည်၌ နေ​ရာ​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

ထို​သူ​တစ်​ဖက်၌ ငါ​သည်​မျက်​နှာ​ထား၍ သူ့​ကို​နိ​မိတ်​ဖြစ်​စေ​မည်။ စ​ကား​ပုံ​လည်း ဖြစ်​စေ​မည်။ ထို​သူ​ကို ငါ၏​လူ​တို့​အ​ထဲ​မှ ပယ်​ရှား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ရှ​မာ​ရိ​မြို့​ကို လယ်​ပြင်၌ မြေ​ပုံ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ် စိုက်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။ မြို့​ရိုး​ကျောက်​တို့​ကို ချိုင့်​ထဲ​သို့ သွန်​ပစ်၍၊ မြို့​ရိုး​အ​မြစ်​ကို လှန်​ပြ​မည်။

ကိုယ်​တော်၏​လူ​တို့​ကို ကယ်​တင်​ခြင်း၊ ကိုယ်​တော်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ ထွက်​ကြွ​တော်​မူ၏။ အ​ဓ​မ္မ​လူ၏​အိမ်၌ ဦး​ခေါင်း​ကို နှိပ်​စက်၍၊ မူ​လ​အ​မြစ်​ကို လည်​ပင်း​တိုင်​အောင် ပယ်​ရှင်း​တော်​မူ၏။

ငါ့​စ​ကား​ကို​ကြား၍ နား​မ​ထောင်​သော​သူ​မူ​ကား၊ အ​ခု​အ​ခံ​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ တိုက်​ကို​တည်​သော​သူ​နှင့် တူ၏။ ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ၊ ချက်​ချင်း​လဲ၍ အ​ကုန်​အ​စင်​ပြို​ပျက်​လေ​သည်​ဟု ဟော​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ