အချင်းလူသား၊ တုန်လှုပ်လျက် အစာကိုစားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက်လော့။
အစာစားခြင်းအရာ၌ ငါညည်းတွားခြင်း ရှိ၏။ ငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ဖြစ်၏။
သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။
တော၌ ဓားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေစေသောခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။
ထိုမုန့်ကို တစ်နေ့တစ်နေ့လျှင် အကျပ်နှစ်ဆယ်စီ ချိန်၍စားရမည်။
ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတစ်ယောက်တည်း မြင်ရ၏။ ငါနှင့်အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့် ပုန်းရှောင်၍ နေခြင်းငှာ ပြေးကြ၏။
သင်တို့၏အစာအာဟာရ အထောက်အပင့်ကို ငါပယ်ရှားသောအခါ၊ မိန်းမတစ်ကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတစ်ဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။
ရန်သူပြည်မှာကျန်ကြွင်းသော သင်တို့စိတ်နှလုံးထဲသို့၊ ထိတ်လန့်သောသဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည်ကြောက်၍၊ ဓားဘေးမှပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ်သူမျှမလိုက်သော်လည်း လဲကြလိမ့်မည်။
ထာဝရဘုရားစေလွှတ်တော်မူသော ရန်သူ၏အမှုကို သင်သည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းနှင့်တကွ၊ အရာရာ၌ ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်။ သင်သည် မပျက်စီးမီတိုင်အောင် သင့်လည်ပင်း၌ သံထမ်းပိုးကို တင်ထားတော်မူမည်။
ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမျှော်၍ အားကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရားစီရင်တော်မူသဖြင့်၊