ယေဇကျေလ 12:16Judson Bibleသို့ရာတွင်၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဖူးသော စက်ဆုပ်ရွံရှာဖွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တစ်ပါးအမျိုးသားနေရာပြည်တို့၌ ဖော်ပြကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှာ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီးတတ်သော သားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ်သောအခါ၊ ထိုမျှမက လွှတ်ခဲလိမ့်မည်မဟုတ်လော။