Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 12:12

Judson Bible

သင်​တို့၏ မင်း​သည်​လည်း၊ မိ​မိ​ပ​ခုံး​၌​ထမ်း​၍ ညဉ့်​ဦး​ယံ​အ​ချိန်​၌ ထုတ်​သွား​ရ​လိမ့်​မည်။ ထုတ်​သွား​စ​ရာ​ဖို့ အုတ်​ရိုး​ကို တူး​ဖော်​ရ​လိမ့်​မည်။ မြေ​ကို​မ​မြင်​ရ​အောင် မျက်​နှာ​ကို ဖုံး​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

မိုး​မ​လင်း​မီ​ထ၍ ရှု​ရိ​တပ်​သို့​သွား​ကြ၏။ တပ်​ဦး​သို့ ရောက်​သော​အ​ခါ အ​ဘယ်​သူ​ကို​မျှ မ​တွေ့​ကြ။

လူ​ဆိုး​တို့​သည် ည​အ​ချိန်၌ သူ​တစ်​ပါး၏​အိမ်​ကို ဖောက်​ထွင်း​တတ်​ကြ၏။ နေ့​အ​ချိန်၌ ပုန်း​လျက်​နေ၍ အ​လင်း​ကို​ရှောင်​တတ်​ကြ၏။

မ​စား​နိုင်​အောင် အ​လွန်​ညံ့​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့၊ ငါ​သည် ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍၊ မှူး​တော်​မတ်​တော်၊ ဤ​ပြည်၌ ကျန်​ကြွင်း​သော ယေ​ရု​ရှ​လင်​မြို့​သား၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော အ​မျိုး​သား​တို့​ကို ဖြစ်​စေ​မည်။

ဇေ​ဒ​ကိ​ကို​လည်း ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ နေ​ရ​လိမ့်​မည်။ သင်​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို စစ်​တိုက်၍ မ​နိုင်​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် အ​ဘယ်​ကြောင့် ပ​ရော​ဖက်​ပြု၍ ဟော​သ​နည်း​ဟု​ဆို၍ ထောင်​ထဲ​မှာ​လှောင်​ထား​သ​တည်း။

ဇေ​ဒ​ကိ​မင်း​ကြီး​သည် လူ​ကို​စေ​လွှတ်၍ ယေ​ရ​မိ​ကို​နုတ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ရှိ​သ​လော​ဟု နန်း​တော်၌ တိတ်​ဆိတ်​စွာ​မေး​မြန်း​လျှင်၊ ယေ​ရ​မိ​က၊ နှုတ်​က​ပတ်​တော်​ရှိ​ပါ၏။ ကိုယ်​တော်​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်​လက်​သို့ ရောက်​ပါ​လိမ့်​မည်​ဟု ပြန်​လျှောက်၏။

ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မင်း​နှင့် စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ထို​လူ​များ​ကို​မြင်​လျှင်၊ ည​အ​ခါ​ပြေး၍ ဥ​ယျာဉ်​တော်​လမ်း​ကို​လိုက်​လျက်၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား တံ​ခါး​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

ထို​နောက် ဆယ်​ရက်​ကြာ​သော​အ​ခါ၊ ထာ၀​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လျှင်၊

ခါ​လ​ဒဲ​လူ​တို့​သည် မြို့​ရိုး​ကို ဖြို​ဖောက်၍၊ မြို့​ကို​လည်း​ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား၊ ဥ​ယျာဉ်​တော်​နား​တံ​ခါး​ဝ​ဖြင့် ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

နေ​ရာ​ပြောင်း​စ​ရာ​ဖို့ ပြင်​ဆင်​သော ဥ​စ္စာ​ပ​ရိ​ကံ​များ​ကဲ့​သို့၊ သင်​၏​ဥ​စ္စာ​ပ​ရိ​ကံ​များ​ကို နေ့​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ထုတ်​ရ​မည်။ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့၊ ည​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ထွက်​သွား​ရ​မည်။

ညဉ့်​ဦး​ယံ​အ​ချိန်၌ သူ​တို့​မျက်​မှောက်​တွင် ပ​ခုံး​ပေါ်​မှာ​ထမ်း၍ ထုတ်​ရ​မည်။ မြေ​ကို​မ​မြင်​ရ​အောင် မျက်​နှာ​ကို​ဖုံး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ