Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 11:1

Judson Bible

ထို​နောက် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော် အ​ရှေ့​တံ​ခါး​သို့ ဆောင်​သွား၍၊ တံ​ခါး​ဝ၌ လူ​နှစ်​ကျိပ်​ငါး​ယောက် ရှိ၏။ သူ​တို့​တွင် မင်း​ပြု​သော​သူ၊ အ​ဇု​ရ​သား​ယာ​ဇ​ညာ၊ ဗေ​နာ​ယ​သား ပေ​လ​တိ​တို့​ကို ငါ​မြင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​သွား၍ အာ​ဟပ်​မင်း​ထံ​မှာ​လျှောက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် အ​ကျွန်ုပ်​မ​သိ​သော​အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​တော်​မူ​လျှင်၊ အာ​ဟပ်​မင်း​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​သော​အ​ခါ အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​မူ​ကား၊ အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ရို​သေ​ပါ​ပြီ။

သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့၌ ခွန်​အား​ကြီး​သော​သူ ငါး​ကျိပ်​ရှိ​ပါ၏။ သူ​တို့​သည်​သွား၍ ကိုယ်​တော်၏​သ​ခင်​ကို ရှာ​မည်​အ​ကြောင်း၊ အ​ခွင့်​ပေး​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​ကို​ချီ​ယူ၍ တစ်​စုံ​တစ်​ခု​သော တောင်​ပေါ်၌​ဖြစ်​စေ၊ ချိုင့်​ထဲ​သို့​ဖြစ်​စေ ချ​ကောင်း​ချ​တော်​မူ​လိမ့်​မည်​ဟု အ​ခွင့်​တောင်း​လျှင်၊ မ​စေ​လွှတ်​ကြ​နှင့်​ဟု ဧ​လိ​ရှဲ​သည် မြစ်​တား​သော်​လည်း၊

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​သော​အ​ခါ၊ နာ​သ​နိ​သား ဣ​ရှ​မေ​လ၊ ကာ​ရာ​သား ယော​ဟ​နန်၊ နေ​တော​ဖတ်​အ​မျိုး၊ တာ​နု​မက်​သား စ​ရာ​ယ၊ မာ​ခ​လိ​အ​မျိုး​သား ယေ​ဇ​နိ​တို့​သည် မိ​မိ​လူ​များ​နှင့်​တ​ကွ၊ ဂေ​ဒ​လိ​ရှိ​ရာ​မိ​ဇ​ပါ​မြို့​သို့ လာ၍၊

သော​ဒုံ​မြို့​ကို အ​စိုး​ရ​သော​မင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို ကြား​ကြ​လော့။ ဂေါ​မော​ရ​မြို့​သား​တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ကို နား​ထောင်​ကြ​လော့။

သင်​၏​မင်း​တို့​သည် ပုန်​ကန်​ကြ​ပြီ။ သူ​ခိုး​လက်​ခံ​ဖြစ်​ကြ​ပြီ။ ထို​မင်း​အ​ပေါင်း​တို့​သည် လက်​ဆောင်​ကို အ​လို​ရှိ​ကြ​၏။ တံ​စိုး​ကို​စား​ကြ​၏။ မိ​ဘ​မ​ရှိ​သော​သူ​တို့​အ​ဖို့ တ​ရား​မ​စီ​ရင်​ကြ။ မု​ဆိုး​မ​အ​မှု​ကို နား​မ​ထောင်​ကြ။

ထို​ခေ​ရု​ဗိမ်​တို့​သည် ငါ့​မျက်​မှောက်၌ အ​တောင်​တို့​ကို ဖြန့်​ပြီး​လျှင်၊ မြေ​ကြီး​နှင့်​ကွာ၍ တက်​ကြ၏။ ပြင်​သို့ ထွက်​သော​အ​ခါ ဘီး​တို့​သည် လိုက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့ တံ​ခါး​ဝ​မှာ​ရပ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဘုန်း​တော်​သည် သူ​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

မျက်​နှာ​ပုံ​ကား၊ ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော​မျက်​နှာ​နှင့် တူ၏။ ကိုယ်​အ​ဆင်း​အ​ရောင်​လည်း​တူ၏။ ထို​သူ​လေး​ပါး​တို့​သည် တည့်​တည့်​သွား​တတ်​ကြ၏။

ထို​ဗျာ​ဒိတ်​တော်​စ​ကား​ကို ငါ​သည်​ဆင့်​ဆို၍ ဟော​ပြော​စဉ်​တွင်၊ ဗေ​နာ​ယ​သား ပေ​လ​တိ​သည် သေ၏။ ငါ​သည်​လည်း ပျပ်​ဝပ်၍၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆုံး​ရှုံး​စေ​တော်​မူ​မည်​လော​ဟု ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၏။

ဝိ​ညာဉ်​တော်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ချီ၍ သိမ်း​သွား​သော သူ​တို့​နေ​ရာ၊ ခါ​လ​ဒဲ​ပြည်​သို့ ဆောင်​သွား​တော်​မူ၏။ ငါ​မြင်​ခဲ့​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​လည်း ငါ​နှင့်​ကွာ၍ တက်​သွား၏။

မင်း​တို့​သည်​လည်း အ​ကောင်​ကို ကိုက်​ဖြတ်​သော​တော​ခွေး​ကဲ့​သို့ ပြည်​အ​လယ်၌​ဖြစ်၍၊ မ​တ​ရား​သော စီး​ပွား​ကို ရှာ​လို​သော​ငှာ လူ​အ​သက်​ကို​သတ်၍၊ သူ​တစ်​ပါး​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တတ်​ကြ၏။

ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​မှ ဘုန်း​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု၊ ငါ့​နောက်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို ငါ​ကြား၏။

ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ​သွား​တော်​မူ၍၊ ငါ​သည်​ခါး​သော​စိတ်၊ ပူ​ပန်​သော​စိတ်​နှင့် လိုက်​ရ၏။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ လေး​လံ​စွာ​တင်​လျက်​ရှိ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ပြင်​သို့ ဆောင်​သွား​လျက်၊ အ​ရိုး​တို့​နှင့် ပြည့်​သော​ချိုင့်​အ​လယ်၌ ထား​ပြီး​လျှင်၊

ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။

ထို​နောက်​မှ ဗိ​မာန်​တော်သို့​ခေါ်၍ တံ​ခါး​တိုင်​တို့​ကို​တိုင်း​လျှင်၊ နှစ်​ဖက်၌ တံ​ခါး​တိုင်​ထု​သည် ဗိ​မာန်​တော်​ထု​နှင့်​အ​မျှ ခြောက်​တောင်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​အ​တွင်း တံ​တိုင်း​ထဲ​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်​တံ​ခါး၊ ဗိ​မာန်​တော်​ဦး​နှင့် ယဇ်​ပ​လ္လင်​ကြား​မှာ၊ လူ​နှစ်​ကျိပ်​ငါး​ယောက်​တို့​သည် ဗိ​မာန်​တော်​ကို ကျော​ခိုင်း​လျက်၊ အ​ရှေ့​သို့ မျက်​နှာ​ပြု​လျက်၊ အ​ရှေ့​မျက်​နှာ၌ နေ​ကို ကိုး​ကွယ်​ကြ၏။

လက်​သ​ဏ္ဌာန်​ကို​ဆန့်၍ ငါ၏​ဆံ​ပင်​တစ်​စု​ကို ကိုင်​လျက်၊ ဝိ​ညာဉ်​တော်​သည် ငါ့​ကို မြေ​နှင့်​မိုး​ကောင်း​ကင်​ကြား​မှာ ချီ​ကြွ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​သော ရုပ်​တု​ပ​လ္လင်​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ မြောက်​မျက်​နှာ​အ​တွင်း တံ​ခါး​ဝ​သို့၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ဆောင်​သွား၏။

ယု​ဒ​မင်း​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​သည် သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​ကို ရေ​ကဲ့​သို့ သွန်း​လောင်း​မည်။

ရေ​ထဲ​က​တက်​ကြ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဖိ​လိ​ပ္ပု​ကို​ဆောင်​ယူ​တော်​မူ၍၊ အ​မတ်​သည် ဖိ​လိ​ပ္ပု​ကို နောက်​တစ်​ဖန် မ​တွေ့​မ​မြင်​ရ။ ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် မိ​မိ သွား​ရ​သော​လမ်း​ကို သွား​လေ၏။-

သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ