သွားသောအခါ ဘီးလေးမျက်နှာတညီတည်းနေ၍၊ မလှည့်ဘဲ သွားတတ်ကြ၏။ ခေါင်းမျက်နှာ ပြုသောဘက်သို့ လိုက်၍ မလှည့်ဘဲ သွားကြ၏။
သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲ သွားတတ်ကြ၏။
သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
ထိုလေးပါးတို့သည် မျက်နှာတို့နှင့်လည်းကောင်း၊ အတောင်တို့နှင့်လည်းကောင်း ပြည့်စုံကြ၏။
ဘီးလေးခုတို့သည် ပုံသဏ္ဌာန်တစ်ညီတည်းရှိ၍၊ ဘီးတစ်ခုထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ရှိကြ၏။
မျက်နှာပုံကား၊ ခေဗာမြစ်နားမှာ ငါမြင်ဖူးသောမျက်နှာနှင့် တူ၏။ ကိုယ်အဆင်းအရောင်လည်းတူ၏။ ထိုသူလေးပါးတို့သည် တည့်တည့်သွားတတ်ကြ၏။