မျက်နှာလေးခုစီ၊ အတောင်လည်းလေးခုစီရှိကြ၏။
ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးရမည်။
ကောင်းကင်တမန်သရပ်တို့သည် ပလ္လင်တော်တစ်ဖက်တစ်ချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင်ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။
ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတစ်ခုစီ ထင်ရှား၏။
မိုးမျက်နှာကြက်အောက်မှာ သူတို့အတောင်များသည် တစ်ခုသို့တစ်ခုတည့်တည့် ပြန့်လျက်ရှိ၍၊ ပြင်ဘက်၌လည်း ကိုယ်ကိုဖုံးစရာဖို့ အတောင်နှစ်ခုစီ ရှိ၏။
ဘီးလေးခုတို့သည် ပုံသဏ္ဌာန်တစ်ညီတည်းရှိ၍၊ ဘီးတစ်ခုထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ရှိကြ၏။
ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။