Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:27

Judson Bible

ပ​လ္လင်​အ​တွင်း၌​လည်း​ကောင်း၊ ပတ်​လည်၌​လည်း​ကောင်း၊ ခါး​သ​ဏ္ဌာန်​မှ​သည် အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​နှင့် မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၏။ အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၍ ပတ်​လည်၌ ထွန်း​တောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​လည်း နေ​တော်​မူ​ရာ၌ ရှိ၏။

ငါ​တို့၏ ဘု​ရား​သ​ခင် ကြွ​လာ​တော်​မူ၏။ တိတ်​ဆိတ်​စွာ နေ​တော်​မ​မူ။ ရှေ့​တော်၌​မီး​လောင်​လျက် ပတ်​ဝန်း​ကျင်၌ မိုး​သက်​မုန်​တိုင်း ပြင်း​ပြ​လျက်​ရှိ၏။

မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တောင်​ထိပ်​ပေါ်​မှာ လောင်​သော​မီး​ကဲ့​သို့ ထင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မြင်​ရ​ကြ၏။

ငါ​ကြည့်​ရှု၍၊ ပြင်း​စွာ​သော​လေ၊ ကြီး​စွာ​သော မိုး​တိမ်၊ ထွန်း​လင်း​သော မီး​စက်​သည် မြောက်​မျက်​နှာ​မှ ပေါ်​လာ၏။ မီး​စက်​ထဲ​က ဟ​ရှ​မေ​လ​ရွှေ​ရောင် ထွက်​လေ၏။

ထို​အ​ခါ ငါ​ကြည့်​ရှု၍၊ မီး​အ​ရောင်​ကဲ့​သို့​သော ပုံ​သ​ဏ္ဌာန်​သည် ထင်​ရှား၏။ ခါး​သ​ဏ္ဌာန်​မှ​သည် အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​ကဲ့​သို့​လည်း​ကောင်း ထင်​ရှား၏။

အ​ဆင်း​အ​ရောင်​တော်​သည် နေ​ရောင်​ကဲ့​သို့ ဖြစ်၏။ လက်​တော်​မှ ရောင်​ခြည်​သည် ထွက်၍၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကွယ်​ကာ​လေ၏။

အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လောင်​သော​မီး၊ အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။

ငါ​တို့​ဘု​ရား​သ​ခင်​သည် လောင်​သော​မီး ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ