မိုးမျက်နှာကြက်အောက်မှာ သူတို့အတောင်များသည် တစ်ခုသို့တစ်ခုတည့်တည့် ပြန့်လျက်ရှိ၍၊ ပြင်ဘက်၌လည်း ကိုယ်ကိုဖုံးစရာဖို့ အတောင်နှစ်ခုစီ ရှိ၏။
အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
ဘုရားသခင်သည် သန့်ရှင်းသူတို့၏ပရိသတ်တွင် အလွန်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဖွယ်ဖြစ်တော်မူ၏။
သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ အသံတော်ကဲ့သို့လည်းကောင်း၊ အတောင်တို့ မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကိုချလျက်နေကြ၏။
မျက်နှာလေးခုစီ၊ အတောင်လည်းလေးခုစီရှိကြ၏။
ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။