Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:16

Judson Bible

ထို​ရ​ထား​ဘီး​တို့၏ အ​ဆင်း​အ​ရောင်​သည်​ကား၊ ကျောက်​မျက်​ရွဲ အ​ဆင်း​အ​ရောင်​နှင့် တူ၏။ ထို​လေး​ခု​တို့​သည် အ​ဆင်း​အ​ရောင် တ​ညီ​တည်း​ရှိ​ကြ၏။ ပုံ​သ​ဏ္ဌာန်​မူ​ကား၊ ဘီး​တစ်​ခု​အ​ထဲ၌ ဘီး​တစ်​ခု​တပ်​သ​ကဲ့​သို့ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘီး​ပုံ​ကား ရ​ထား​ဘီး​နှင့်​တူ၏။ ဝင်​ရိုး၊ ဝင်​ရိုး​အိမ်၊ အ​ကန့်၊ အ​ကွပ်​များ​ကို သွန်း​လေ၏။

စစ်၍​မ​သိ​နိုင်​အောင် အ​လွန်​ကြီး​သော​အ​မှု၊ မ​ရေ​တွက်​နိုင်​အောင်​များ၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။

ဖြောင့်​မတ်​တော်​မူ​ခြင်း​တ​ရား​သည် ကြီး​မား​စွာ​သော​တောင်​ရိုး​နှင့် တူ​ပါ၏။ တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် အ​လွန်​နက်​နဲ​ရာ ဖြစ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​မျိုး​နှင့် တိ​ရ​စ္ဆာန်​မျိုး​ကို စောင့်​မ​တော်​မူ၏။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​နှင့် ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​သည် များ​လှ​ပါ၏။ ရှေ့​တော်၌ အ​စဉ်​အ​တိုင်း လျှောက်၍​မ​ကုန်​နိုင်​ပါ။ အ​ကျွန်ုပ် ထုတ်​ဖော်​ကြား​ပြော​မည်​ဟု ဆို​သော်၊ ရေ​တွက်၍ မ​ကုန်​နိုင်​အောင်​များ​လှ​ပါ၏။

စ​တု​တ္ထ​အ​တန်း​ကား မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​ဖြစ်၍၊ အ​သီး​အ​သီး​တို့​ကို ရွှေ​အိုး၌​စီ​လေ၏။

လက်​တော်​တို့​သည် မျက်​ရွဲ​စီ​သော လက်​စွပ်​ကဲ့​သို့​လည်း​ကောင်း၊ ကိုယ်​တော်​သည် နီ​လာ​ကျောက်​ဖြင့် စီ​ချယ်​သော ဆင်​စွယ်​ဖြူ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။

သူ၏​ကိုယ်​သည် ကျောက်​မျက်​ရွဲ​ကဲ့​သို့ ဖြစ်၏။ သူ့​မျက်​နှာ​သည်​လည်း လျှပ်​စစ်​ကဲ့​သို့ ထင်၏။ သူ့​မျက်​စိ​သည်​လည်း မီး​ခွက်​ကဲ့​သို့​ဖြစ်၏။ သူ့​လက်​ခြေ​တို့​သည် ဦး​သစ်​သော ကြေး​ဝါ​အ​ရောင်​အ​ဆင်း​ရှိ၏။ သူ့​စ​ကား​သံ​သည် များ​စွာ​သော လူ​စု​အ​သံ​နှင့် တူ၏။

ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။

ဘု​ရား​သ​ခင်၏​ပ​ညာ​နှင့် ဉာဏ် တော်​သည် အ​လွန် ကျယ်​ဝန်း​နက်​နဲ​စွ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ဘယ်​သူ​မျှ စစ်၍​မ​ကုန်​နိုင်။ ကြွ​တော်​မူ​ရာ​လမ်း​တို့​ကို လိုက်၍​ရှာ​သော်​လည်း မ​တွေ့​မ​မီ​နိုင်။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို အ​ကြောင်း​ပြု၍ ထာ​ဝ​ရ​အ​ကြံ​တော် ရှိ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​အ​ရပ်​တို့၌ အ​ထွဋ်​အ​မြတ် အာ​ဏာ​စက်​တို့​သည်၊ ဘု​ရား​သ​ခင်၏ ထူး​ဆန်း​သော ပ​ညတ်​တော်​ကို အ​သင်း​တော်​အား​ဖြင့် ယ​ခု​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ