Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:13

Judson Bible

ထို​သ​တ္တ​ဝါ​တို့၏ အ​ဆင်း​အ​ရောင်​သည်​ကား၊ တောက်​သော မီး​ခဲ​အ​ရောင်၊ မီး​ခွက်​အ​ရောင်​နှင့် တူ၏။ မီး​သည်​တောက်​လျက် သ​တ္တ​ဝါ​တို့​တွင် အ​နှံ့​အ​ပြား​လှည့်​လည်၍ မီး​ထဲ​က လျှပ်​စစ်​ပြက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် နေ​ဝင်၍​မိုက်​သော​အ​ခါ၊ ခွဲ​ထား​သော​အ​သား​အ​လယ်၌၊ မီး​ခိုး​ထွက်​သော​မီး​ဖို၊ မီး​ထွန်း​လင်း​သော​မီး​ခွက်​သည် ထင်​ရှား​စွာ​လျှောက်​သွား​လေ၏။

မိ​မိ​တ​မန်​တို့​ကို လေ​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​အ​စေ​အ​ပါ​တို့​ကို မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​ထ​သော၊

ခြေ​ထောက်​သည် ဖြောင့်​သော ခြေ​ထောက်​ဖြစ်၏။ ခြေ​ဖ​ဝါး​သည် နွား​သ​ငယ်၏ ခြေ​ဖ​ဝါး​ကဲ့​သို့ ဖြစ်၍ ဦး​သစ်​သော​ကြေး​ဝါ​ကဲ့​သို့ တောက်​လေ၏။ ကိုယ်​လေး​မျက်​နှာ အ​တောင်​အောက်၌ လူ​လက်​ရှိ၏။

ပိတ်​အ​ဝတ်​ကို​ဝတ်​သော သူ​အား​လည်း၊ ရ​ထား​ဘီး​တို့​အ​ကြား​မှာ ခေ​ရု​ဗိမ်​အောက်​သို့ ဝင်​လော့။ ခေ​ရု​ဗိမ် အ​ကြား​မှာ​ရှိ​သော မီး​ခဲ​တို့​ကို လက်​နှစ်​ဖက်​နှင့် ကျုံး​ပြီး​လျှင်၊ မြို့​အ​ပေါ်​မှာ ဖြန့်​ကြဲ​လော့​ဟု မိန့်​တော်​မူ​သည် အ​တိုင်း၊ ထို​သူ​သည် ငါ့​မျက်​မှောက်၌ သွား၏။

ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။

သူ၏​မျက်​နှာ​သည် လျှပ်​စစ်​ကဲ့​သို့​ထင်၏။ အ​ဝတ်​သည်​လည်း မိုး​ပွင့်​ကဲ့​သို့ ဖြူ၏။-

ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မိုး​တိမ်​ကို​ဝတ်​လျက်၊ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏​ခေါင်း​ပေါ်၌ သက်​တံ​ရှိ၏။ သူ၏ မျက်​နှာ​သည် နေ​ကဲ့​သို့​ဖြစ်၏။ သူ၏ ခြေ​သည်​လည်း မီး​ခဲ​တိုင်​ကဲ့​သို့​ဖြစ်၏။-

ထို​နောက်​မှ ကောင်း​ကင်​တ​မန် တစ်​ပါး​သည် ကြီး​စွာ​သော​တန်​ခိုး​နှင့် ပြည့်​စုံ၍ ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။ သူ၏ ရောင်​ခြည်​အား​ဖြင့် မြေ​ကြီး​ထွန်း​လင်း​လျက်​ရှိ၏။-

ပ​လ္လင်​တော်​ထဲ​က လျှပ်​စစ်​ပြက်၏။ စ​ကား​ပြော​သံ၊ မိုး​ကြိုး​သံ​လည်း မြည်၏။ ပ​လ္လင်​တော်​ရှေ့၌ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​ခု​နစ်​ပါး​တည်း​ဟူ​သော မီး​ခွက်​ခု​နစ်​လုံး​တို့​သည် ထွန်း​လျက်​ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ