Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:10

Judson Bible

မျက်​နှာ​အ​ဆင်း​သ​ဏ္ဌာန်​ဟူ​မူ​ကား၊ သ​တ္တ​ဝါ လေး​ပါး​တို့​သည် လက်​ယာ​ဘက်၌ လူ​မျက်​နှာ၊ ခြင်္သေ့​မျက်​နှာ​နှင့် လည်း​ကောင်း၊ လက်​ဝဲ​ဘက်၌ နွား​မျက်​နှာ၊ ရွှေ​လင်း​တ​မျက်​နှာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​ရှိ​ရာ တော​ရဲ​တိုက်​သို့ ထွက်​သွား​သော​သူ၊ ခွန်​အား​ကြီး၍ ဒိုင်း​လွှား​ဆောင်​လျက် စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ၊ ခြင်္သေ့​ကဲ့​သို့ မျက်​နှာ​ရဲ၍ တောင်​ပေါ်​မှာ ဒ​ရယ်​ကဲ့​သို့ လျင်​မြန်​သော​သူ ဂဒ်​အ​မျိုး​သား​ဟူ​မူ​ကား၊

သင်​စီ​ရင်​သော​ကြောင့် ရွှေ​လင်း​တ​သည် အ​ထက်​သို့​တက်၍၊ မြင့်​သော​အ​ရပ်၌ အ​သိုက်​ကို လုပ်​တတ်​သ​လော။

နွား​ထီး​မ​ရှိ​သော တင်း​ကုပ်​သည် စင်​ကြယ်၏။ သို့​သော်​လည်း၊ နွား​ခွန်​အား​ကို​သုံး၍ များ​သော​စီး​ပွား​ကို​ရ​တတ်၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

အို ဖောက်​ပြန်​သော​သူ​တို့၊ ဤ​အ​မှု​ကို အောက်​မေ့၍ ယောက်ျား​ဂုဏ်​ကို ပြ​ကြ​လော့။ သ​တိ​နှင့် ဆင်​ခြင်​ကြ​လော့။

မျက်​နှာ​လေး​ခု​စီ၊ အ​တောင်​လည်း​လေး​ခု​စီ​ရှိ​ကြ၏။

ခေ​ရု​ဗိမ်​တို့​သည် မျက်​နှာ​လေး​ခု​စီ​ရှိ၍၊ ပ​ထ​မ​မျက်​နှာ​သည် ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ​မျက်​နှာ​သည် လူ​မျက်​နှာ၊ တ​တိ​ယ​မျက်​နှာ​သည် ခြင်္သေ့​မျက်​နှာ၊ စ​တု​တ္ထ​မျက်​နှာ​သည် ရွှေ​လင်း​တ​မျက်​နှာ​ဖြစ်၏။

စွန်​ပ​လွံ​ပင်​နှစ်​ခု​ကြား​မှာ တစ်​ဖက်၌​လူ​မျက်​နှာ၊ တစ်​ဖက်၌ ခြင်္သေ့​မျက်​နှာ​ကို ပြ​ကြ၏။

ငါ ကြည့်​ရှု၍​နေ​စဉ်၊ သူ၏​အ​တောင်​ကို နုတ်​ကြ၏။ မြေ​မှ ကိုယ်​ကို ချီ​ကြွ​လျက် လူ​ကဲ့​သို့ ခြေ​ဖြင့်​မတ်​တပ်​ရပ်၍၊ လူ​စိတ်​သ​ဘော​ကို​လည်း​ရ၏။ ဒု​တိ​ယ​သား​ရဲ​သည် ဝံ​နှင့်​တူ၏။

တောင်​မျက်​နှာ၌၊ ရု​ဗင်​တပ်​အ​လုံး​အ​ရင်း​သည် ရု​ဗင်​အ​လံ​ကို​ထူ၍ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ရု​ဗင်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

အ​နောက်​မျက်​နှာ၌ ဧ​ဖ​ရိမ်​တပ်​အ​လုံး​အ​ရင်း​သည်၊ ဧ​ဖ​ရိမ်​အ​လံ​ကို​ထူ၍ အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ​သည်၊ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

တပ်​များ​မြောက်​မျက်​နှာ၌၊ ဒန်​တပ်​အ​လုံး​အ​ရင်း​သည် ဒန်​အ​လံ​ကို​ထူ၍ အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ​သည်၊ ဒန်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ၌၊ ယု​ဒ​တပ်​အ​လံ​နှင့် ဆိုင်​သော​အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ၍ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

ထို​နည်း​တူ ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် နောင်​တ​ရ​သော လူ​ဆိုး​တစ်​ယောက်၌ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဉာဏ်​အ​ရာ၌ သူ​ငယ်​မ​ဖြစ်​ကြ​နှင့်။ မ​တ​ရား​သော​အ​မှု​အ​ရာ၌ နို့​စို့​သူ​ငယ်​ဖြစ်​ကြ​လော့။ ဉာဏ်​အ​ရာ၌ အ​သက်​ကြီး​သော​သူ ဖြစ်​ကြ​လော့။-

ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ လျင်​မြန်​သော​လူ​မျိုး၊ ကြမ်း​တမ်း​သော​မျက်​နှာ​နှင့် ပြည့်​စုံ​လျက်၊ အ​သက်​ကြီး​သူ​ကို မ​ရို​သေ၊ အ​သက်​ငယ်​သူ​ကို မ​သ​နား​တတ်​သော​လူ​မျိုး​ကို၊ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ထာ​ဝ​ရ​ဘု​ရား​သည်​ခေါ်၍ သင့်​ကို တိုက်​စေ​တော်​မူ​မည်။

ပ​ထ​မ​သ​တ္တ​ဝါ​သည် ခြင်္သေ့​နှင့်​တူ၏။ ဒု​တိ​ယ သ​တ္တ​ဝါ​သည် နွား​သ​ငယ်​နှင့်​တူ၏။ တ​တိ​ယ​သ​တ္တ​ဝါ​သည် လူ​မျက်​နှာ​ရှိ၏။ စ​တု​တ္ထ​သ​တ္တ​ဝါ​သည် ပျံ​လျက်​ရှိ​သော ရွှေ​လင်း​တ​နှင့်​တူ၏။-

တံ​ဆိပ် ခု​နစ်​ချက်​တို့​ကို​လည်း​ကောင်း၊ ဖွင့်​ခြင်း​ငှာ အောင်​မြင်​လေ​ပြီ​ဟု ငါ့​ကို​ပြော​ဆို၏။

မြို့​သား​တို့​သည် ခု​နစ်​ရက်​မြောက်​သော​နေ့ နေ​မ​ဝင်​မီ​လာ၍ ပျား​ရည်​ထက် အ​ဘယ်​အ​ရာ ချို​သ​နည်း။ ခြင်္သေ့​ထက် အ​ဘယ်​အ​ရာ​သန်​စွမ်း​သ​နည်း​ဟု ဖော်​ပြ​ကြ၏။ ရှံ​ဆုန်​က​လည်း၊ သင်​တို့​သည် ငါ့​နွား​မ​ပျို​နှင့်​မ​ထွန်​လျှင် ငါ့​စ​ကား​ဝှက်​အ​နက်​ကို ရှာ၍​မ​တွေ့​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ