Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 7:7

Judson Bible

ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ခက်​လှ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ရှင်​ဘု​ရင်​သုံး​ပါး​တို့​ကို မော​ဘ​လူ​တို့​လက်​သို့​အပ်​ခြင်း​ငှာ စု​ဝေး​စေ​တော်​မူ​သည်​တ​ကား​ဟု ဆို၏။

လူ​အ​ပေါင်း​တို့​သည် မု​သား​ကို​သုံး​တတ်​ကြ၏​ဟု သ​တိ​လစ်​လျက် ပြော​မိ၏။

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။

လူ​များ​တို့​သည်​ရေ​ငတ်၍ မော​ရှေ​ကို အ​ပြစ်​တင်​မြည်​တမ်း​လျက်၊ ငါ​တို့​မှ​စ၍ သား​သ​မီး​တိ​ရ​စ္ဆာန်​တို့​ကို အ​ငတ်​ထား၍ သတ်​ခြင်း​အ​လို​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း​ဟု ဆို​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​တို့​အား ဤ​မည်​သော​ပြည်​ကို ငါ​ပေး​မည်​ဟု ကျိန်​ဆို​သော်​လည်း၊ ထို​ပြည်​သို့ သူ​တို့​ကို​ဆောင်​သွင်း​ခြင်း​ငှာ မ​တတ်​နိုင်​သော​ကြောင့်၊ တော၌​သုတ်​သင်​ပယ်​ရှင်း​ပြီ​ဟု ပြော​ဆို​ကြ​ပါ​လိမ့်​မည်။

ငါ​တို့​သည်​ဓား​ဖြင့်​သေ၍ သား​မ​ယား​တို့​သည် ရန်​သူ​လက်​သို့​ရောက်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို ဤ​အ​ရပ်​သို့​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​သည်​မ​ဟုတ်​လော​ဟု မော​ရှေ​နှင့် အာ​ရုန်​အား​ဆို​ပြီး​မှ၊

ယေ​ရှု​က၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည် သင်​တို့​နှင့်​တ​ကွ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။-

သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-

ထို​မှ​တစ်​ပါး၊ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​နှင့်။-

ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။

အို​ဘု​ရား​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရန်​သူ​တို့​ရှေ့​မှာ ကျော​ကို​လှည့်​ရ​ကြ​သည်​ဖြစ်၍ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ ပြော​ရ​ပါ​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

လူ​များ​တို့​သည် တပ်​ထဲ​သို့​ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​က၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ အ​ဘယ်​ကြောင့်​ရှုံး​စေ​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် လာ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ ကယ်​တင်​စေ​ခြင်း​ငှာ၊ ရှိ​လော​မြို့​မှ ဆောင်​ခဲ့​ကြ​ကုန်​အံ့​ဟု ဆို​ကြ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ