Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 7:1

Judson Bible

သို့​ရာ​တွင် ယု​ဒ​အ​မျိုး၊ ဇေ​ရ၊ ဇာ​ဗ​ဒိ၊ ကာ​မိ​တို့​မှ ဆင်း​သက်​သော အာ​ခန်​သည်၊ ကျိန်​အပ်​သော​အ​ရာ​ကို​သိမ်း​ယူ၍ ထို​အ​ရာ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ရှိ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၌ အ​မျက်​ထွက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​တို့​နှ​မ​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန်​ယာ​ကုပ်​သား​တို့​သည် အ​သေ​သတ်​ပြီး​သော သူ​တို့​ဆီ​သို့​သွား​ပြန်၍၊ မြို့​ကို​လု​ယက်​ဖျက်​ဆီး​သ​ဖြင့်၊

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်​တော်​မူ​လျှင်၊ စာ​တန်​သည် ရန်​ဘက်​ပြု၍ ဣ​သ​ရေ​လ​လူ​နှင့် ယု​ဒ​လူ​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​တိုက်​တွန်း​လေ၏။

မြို့​ရိုး​သို့ ရောက်​သော​အ​ခါ၊ ထို​ဥ​စ္စာ​ကို ဂေ​ဟာ​ဇိ​သည်​ယူ၍ အိမ်၌​သို​ထား​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​ကို လွှတ်​လိုက်​ပြီး​မှ၊

ဒါ​ဝိဒ်​ပြု​သော​အ​မှု​ကို ဘု​ရား​သ​ခင်​သည် အ​လို​တော်​မ​ရှိ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်​တော်​မူ​မည်​ဖြစ်၍၊

သူ​တို့​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို​စွန့်၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို ဝတ်​ပြု​ကြ၏။ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ယု​ဒ​ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ သက်​ရောက်​လေ၏။

အို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သို့ မ​မျှော်​မ​ကြည့်​ဝံ့၊ ရှက်​ကြောက်၍ မျက်​နှာ​နီ​ပါ၏။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့ ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​တို့ ခေါင်း​ပေါ်​မှာ အ​ထပ်​ထပ်​လွှမ်း​မိုး၍၊ ကြီး​စွာ​သော အ​ပြစ်​သည် မိုး​ကောင်း​ကင်​သို့ မီ​ပါ၏။

သင်​ပြု​သော​ဒု​စ​ရိုက်​သည် သင်​နှင့်​တူ​သော လူ​သ​တ္တ​ဝါ​ကို​သာ ထိ​ခိုက်​နိုင်၏။ သင်​ပြု​သော​သု​စ​ရိုက်​သည်​လည်း လူ​သား​တို့၌​သာ ကျေး​ဇူး​ပြု​နိုင်၏။

ပ​ညာ​သည် စစ်​လက်​နက်​ထက် သာ၍​ကောင်း​မြတ်၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​သည်​လည်း၊ ကောင်း​သော​အ​မှု​များ​ကို ဖျက်​ဆီး​တတ်၏။

အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် တ​ရား​နှင့် ဆိုင်​တော်​မူ၏။ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် နှင်​ထုတ်​တော်​မူ၍ နီး​သော​ပြည်၊ ဝေး​သော​ပြည်၊ အ​ရပ်​ရပ်​တို့၌​နေ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တည်း​ဟူ​သော အ​ကျွန်ုပ်​တို့​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။

မော​ရှေ​သည် အာ​ရုန်​နှင့်​သူ၏​သား ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​တို့​ကို​ခေါ်၍၊ သင်​တို့​လည်း​သေ​မည်။ လူ​အ​ပေါင်း​တို့​အ​ပေါ်​မှာ အ​မျက်​တော်​သင့်​ရောက်​မည်​ကို စိုး​ရိမ်​သည်​ဖြစ်၍၊ သင်​တို့​ဦး​ထုပ်​ကို မ​ချွတ်​နှင့်။ အ​ဝတ်​ကို​မ​ဆုတ်​နှင့်။ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော မီး​လောင်​ခြင်း​ကို​သာ ငို​ကြွေး​မြည်​တမ်း​ကြ​စေ။

နောက်​တစ်​ဖန် သူ​တို့​က၊ လာ​ကြ။ အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် ဤ​အ​မှု​ရောက်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း စာ​ရေး​တံ​ချ​ကြ​ကုန်​အံ့​ဟု တိုင်​ပင်၍၊ စာ​ရေး​တံ​ချ​လျှင် ယော​န၌ စာ​ရေး​တံ​ကျ၏။

ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါင်း​တို့ မှာ​လိုက်​သည်​ကား၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ ယဇ်​ပ​လ္လင်​ကို တည်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်၊ ယ​နေ့​လွှဲ​သွား​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​အ​ပြစ်​ကား အ​ဘယ်​သို့​နည်း။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ယ​နေ့​ပုန်​ကန်၍ နက်​ဖြန်​နေ့ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်။

ဇေ​ရ​သား​အာ​ခန်​သည် ကျိန်​အပ်​သော​အ​ရာ၌ ပြစ်​မှား၍ အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော။ ထို​သူ​သည် ပြစ်​မှား​သော​အ​ပြစ်​ကြောင့် တစ်​ယောက်​တည်း​သာ သေ​ရ​သည်​မ​ဟုတ်​ဟု ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ