သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံး လှည့်ပတ်ခြင်းအမှုကို ပြုရကြမည်။
ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီးရုပ်များ၊ အတောင်တစ်ထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့် တစ်စပ်တည်း သွန်းလေ၏။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဖို့ဖြစ်ကြ၏။ သူတို့၌ အမှီတံကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။
သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏။-
ထိုသို့ ထာဝရဘုရား၏သေတ္တာတော်သည် မြို့ကိုတစ်ကြိမ် လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ဝင်ပြန်၍ ညကိုလွန်စေကြ၏။
ဒုတိယနေ့၌ မြို့ကိုတစ်ကြိမ်လှည့်ပတ်ပြီးမှ တပ်ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ကို သင့်လက်၌ ငါအပ်လေပြီ။
ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍လည်းကောင်း မှာထားလေ၏။