Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 3:4

Judson Bible

သေ​တ္တာ​တော်​နှင့် သင်​တို့​စပ်​ကြား​ကို အ​တောင်​နှစ်​ထောင်​ခြား၍ ခ​ရီး​ကွာ​စေ​ရ​မည်။ လိုက်​ရ​သော​လမ်း​ကို သိ​မည်​အ​ကြောင်း၊ သေ​တ္တာ​တော်​အ​နီး​သို့ မ​ချဉ်း​ဘဲ​လိုက်​ရ​မည်။ ဤ​လမ်း​သို့ သင်​တို့​သည် တစ်​ခါ​မျှ​မ​လိုက်​ကြ​သေး​ဟု လူ​အ​ပေါင်း​တို့​အား မှာ​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်၏ မျက်​နှာ​ကို​ကြည့်​သော​အ​ခါ၊ ရှေ့​က​ကဲ့​သို့​မ​ဟုတ်၊ ခြား​နား​သည်​ကို သိ​မြင်၏။

အ​ထက်​က ရှော​လု​သည် ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။

အ​ကြင်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​တတ်၏။ ထို​သူ​အား နှစ်​သက်​ဖွယ်​သော​လမ်း​ကို ပြ​ညွှန်​တော်​မူ​မည်။

ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။

လူ​တို့​မ​ကျော်​ရ​သော အ​ဆီး​အ​ကာ​တို့​ကို တောင်​ပတ်​လည်၌​စီ​ရင်၍၊ သင်​တို့​သည် တောင်​ပေါ်​သို့​မ​တက်၊ တောင်​ခြေ​ရင်း​ကို​မ​ထိ​ရ​အောင် သ​တိ​ပြု​ကြ​ဟု ပြော​လော့။ တောင်​ကို​ထိ​မိ​သော​သူ​မည်​သည်​ကား၊ ဧ​ကန်​အ​မှန်​အ​သေ​ခံ​စေ။

ဘု​ရား​သ​ခင်​က​လည်း၊ မ​ချဉ်း​နှင့်။ သင်၏​ခြေ​နင်း​ကို​ချွတ်​လော့။ သင်​နင်း​သော အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊

မော​ရှေ​က​လည်း၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​သည် နှုတ်​သ​တ္တိ​မ​ရှိ​ပါ။ အ​ထက်​က​လည်း​မ​ရှိ​ပါ။ ကိုယ်​တော်​ကျွန်​အား မိန့်​တော်​မူ​သော​အ​ခါ၌​ပင်​မ​ရှိ​ပါ။ နှုတ်​လေး​သော​သူ၊ စ​ကား​နှေး​နှေး​ပြော​တတ်​သော​သူ​ဖြစ်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို​၏။

အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။

ယော​ရှု​က​လည်း၊ သင်​တို့​သည် ကိုယ်​ကို​ကိုယ် သန့်​ရှင်း​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​တော်​မူ​မည်​ဟု လူ​များ​တို့​အား မှာ​ထား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ