Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 13:3

Judson Bible

အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဟာ​မ​သား​ကား၊ ကု​ရှ၊ မိ​ဇ​ရိမ်၊ ဖု​တ၊ ခါ​နာန်​တည်း။

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​လျက်၊ အဲ​ဂု​တ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူ​သော၊ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်၊ ဤ​ပြည်​ကို​လည်း​ကောင်း၊

ထို​အ​ခါ ရှော​လ​မုန်​သည် အ​လွန်​များ​စွာ​သော ပ​ရိ​သတ်​တည်း​ဟူ​သော ဟာ​မတ်​မြို့​ဝင်​ဝ​မှ​စ၍ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် အ​နှံ့​အ​ပြား အ​ရပ်​ရပ်​က​လာ​ကြ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခု​နစ်​ရက်​နှစ်​လီ၊ တစ်​ဆယ်​လေး​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။

ထို​သို့​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​အ​နား၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ ဟာ​မတ်​မြို့​လမ်း​ဝ​တိုင်​အောင်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊

များ​သော​ရေ​ကို အ​မှီ​ပြု​သော ရှိ​ဟော​ရ​မျိုး​စေ့၊ မြစ်၏​အ​သီး​အ​နှံ​ကို ထို​မြို့​သည် အ​ခွန်​ရ၍၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၏ ဈေး​ဖြစ်​လေ​ပြီ။

ယ​ခု​မှာ သင်​သည် ရှိ​ဟော​ရ​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အဲ​ဂု​တ္တု​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ ဥ​ဖ​ရတ်​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အာ​ရှု​ရိ​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။

ထို​အ​တူ၊ ဟာ​ဇ​ရိမ်​မြို့​မှ​စ၍ အ​ဇ္ဇာ​မြို့​တိုင်​အောင်​နေ​ဖူး​သော အာ​ဝိမ်​လူ​တို့​ကို၊ က​တ္တော​ရ​မြို့​မှ​ထွက်​သော က​တ္တော​ရိမ်​လူ​တို့​သည် ဖျက်​ဆီး၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။

သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် ဂေ​ရှု​ရိ​လူ၊ မာ​ခါ​သိ​လူ​တို့​ကို မ​နှင်​ထုတ်​ကြ။ ထို​လူ​မျိုး​တို့​သည် ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ကြ၏။

ဖိ​လိ​တ္တိ​မင်း​တို့​သည် ထို​မိန်း​မ​ဆီ​သို့​လာ၍၊ ရှံ​ဆုန်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့်​တည်​သ​နည်း၊ သူ့​ကို ချည်​နှောင်၍ နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ တတ်​နိုင်​မည်​နည်း​ဟု သူ့​ကို​ချော့​မော့၍ စူး​စမ်း​ပါ။ ငါ​တို့​သည် ဝိုင်း၍ ငွေ​ဆယ်​တစ်​ပိဿာ​ကို ပေး​မည်​ဟု ဆို​ကြ၏။

ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ယူ၍ ဧ​ဗ​နေ​ဇာ​မြို့​မှ အာ​ဇုတ်​မြို့​သို့ ဆောင်​သွား​ကြ၏။

တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊

လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။

အ​ဘယ်​အ​ရာ​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ပြန်​ပေး​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​လျှင်၊ ဖိ​လိ​တ္တိ​မင်း အ​ရေ​အ​တွက်​အ​တိုင်း ရွှေ​မြင်း​သ​ရိုက်​ပုံ​ငါး​ခု​နှင့် ရွှေ​ကြွက်​ငါး​ကောင်​ကို​ပေး​လိုက်​ရ​မည်။ သင်​တို့​နှင့် သင်​တို့​မင်း​များ၌ ရော​ဂါ​တစ်​ပါး​တည်း စွဲ​လျက်​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ