Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 8:8

Judson Bible

လွန်​လေ​ပြီး​သော​ကာ​လ​ကို စစ်၍၊ ရှေး​ဘိုး​ဘေး​တို့​ကို မေး​မြန်း​ခြင်း​ငှာ အား​ထုတ်​ပါ​တော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ရော​ဗောင်​မင်း​ကြီး​သည် ခ​မည်း​တော်​ရှော​လ​မုန် အ​သက်​ရှင်​စဉ်​အ​ခါ၊ အ​ထံ​တော်၌​ခ​စား​သော အ​သက်​ကြီး​သူ​တို့​နှင့် တိုင်​ပင်၍၊ ဤ​သူ​တို့​အား ငါ​ပြန်​ပြော​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ အ​ကြံ​ပေး​ကြ​မည်​နည်း​ဟု မေး​သော်၊

အ​သက်​အ​ရွယ်​ကြီး​သော သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​ကြ၏။

ထို​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ့​မျက်​စိ​သည် မြင်​ပြီ။ ငါ့​နား​သည်​လည်း ကြား၍ နား​လည်​ပြီ။

သင့်​အ​ဘ​ထက် အ​သက်​ကြီး​သော​သူ၊ ဆံ​ပင်​ဖြူ​သော​သူ​တို့​သည် ငါ​တို့​တွင်​ရှိ​ကြ၏။

ရှေ့​ဦး​စွာ​သော​ကာ​လ၊ လူ​ကို မြေ​ကြီး​ပေါ်​မှာ နေ​ရာ​ချ​စ​ကာ​လ​မှ​စ၍၊

အို​ဘု​ရား​သ​ခင်၊ ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တွင်၊ ဘိုး​ဘေး​တို့​လက်​ထက်၌ ပြု​တော်​မူ​သော​အ​မှု​ကို သူ​တို့​ပြော၍၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တိုင်​ကြား​ရ​ကြ​ပါ​ပြီ။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

အ​သက်​ကြီး​သော​သူ​တို့၊ ကြား​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ဤ​သို့​သော​အ​မှု​သည် သင်​တို့ လက်​ထက်၌ ဖြစ်​ဖူး​သ​လော။ ဘိုး​ဘေး​တို့​လက်​ထက်၌ ဖြစ်​ဖူး​သ​လော။

ငါ​တို့​သည် ကျမ်း​စာ၌​ပါ​သော​သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း​အ​ကြောင်း​များ​ကို​အ​မှီ​ပြု၍ မျှော်​လင့်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကျမ်း​စာ၌ အ​ထက်​က​ရေး​ထား​သ​မျှ​သည် ငါ​တို့​ကို ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ ရေး​ထား​သ​တည်း။-

ထို​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပုံ​သက်​သေ ဖြစ်​အံ့​သော​ငှာ ထို​သူ​တို့၌ ရောက်​ကြ၏။ ကပ်​ကာ​လ အ​ဆုံး​တွင် ဖြစ်​သော​ငါ​တို့​ကို ဆုံး​မ​စ​ရာ​ဖို့ ကျမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။-

ရှေး​ကာ​လ​ကို အောက်​မေ့​လော့။ လွန်​လေ​ပြီး​သော​နှစ်​ပေါင်း​များ​ကို ဆင်​ခြင်​လော့။ သင့်​အ​ဘ​ကို​မေး​မြန်း​လျှင် သူ​သည်​ဖော်​ပြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​တို့​ကို​မေး​မြန်း​လျှင် သူ​တို့​သည် ပြော​ဆို​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် မြေ​ကြီး​ပေါ်​မှာ လူ​ကို​ဖန်​ဆင်း​တော်​မူ​သော​နေ့​မှ​စ၍၊ သင်​တို့ မ​ဖြစ်​မီ လွန်​လေ​ပြီး​သော​ကာ​လ​ပတ်​လုံး၊ မိုး​ကောင်း​ကင်​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် မေး​မြန်း​ကြ​လော့။ ဤ​မျှ​လောက် ကြီး​သော​အ​မှု ဖြစ်​ဖူး​သ​လော။ ဤ​ကဲ့​သို့​သော အ​မှု၏​သ​တင်း​ကို ကြား​ဖူး​သ​လော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ