Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 8:21

Judson Bible

ရယ်​မော​ရ​သော​အ​ခွင့်၊ ရွှင်​လန်း​စွာ နှုတ်​မြွက်​ရ​သော​အ​ခွင့်​ကို သင်၌ ပေး​ကောင်း​ပေး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

စာ​ရာ​က​လည်း၊ ငါ​ရယ်​ရ​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ ဤ​သ​တင်း​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငါ​နှင့်​အ​တူ ရယ်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊

ထို​နေ့၌ များ​စွာ​သော​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ အ​လွန် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​ကြောင့်၊ သား​မ​ယား​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​ကို​ပြု၍ ယေ​ရု​ရှ​လင်​မြို့ ဝမ်း​မြောက်​သံ​ကို ဝေး​သော​အ​ရပ်၌ ကြား​ရ​ကြ၏။

သို့​သော်​လည်း ငါ့​ကို​ဖန်​ဆင်း​တော်​မူ​ထ​သော၊ ည​အ​ချိန်၌ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ထ​သော၊

ပျက်​စီး​ခြင်း​ဘေး​နှင့် အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး​ကို ရယ်​မော၍ တော​သား​ရဲ​တို့​ကို​လည်း မ​ကြောက်​ရ။

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။

ဖမ်း​သွား​ချုပ်​ထား​သော ဇိ​အုန်​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပြန်​လာ​စေ​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အိပ်​မက်​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။

ထို​အ​ခါ ငါ​တို့​နှုတ်​သည် ရယ်​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​လျှာ​သည် သီ​ချင်း​ဆို​ခြင်း​နှင့်​လည်း​ကောင်း ပြည့်​ဝ၏။ တစ်​ပါး​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ​ဟု ဆို​ကြ၏။

မျက်​ရည်​ကျ​လျက် ကြဲ​ရန်​မျိုး​စေ့​ကို​ဆောင်၍ ထွက်​သွား​သော​သူ​သည်၊ ကောက်​လှိုင်း​များ​ကို​ဆောင်​လျက် ရွှင်​လန်း​သော​စိတ်​နှင့် အ​မှန်​ပြန်​လာ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​ရွှင်​လန်း​ကြ​လော့။ သ​ဘော​ဖြောင့်​သော​သူ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။

မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား ကြွေး​ကြော်​ကြ​လော့။ အ​သံ​ဗ​လံ​ကို​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​လျက် ချီး​မွမ်း​ကြ​လော့။

ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ