ယောဘဝတ္တု။ 8:19Judson Bibleထိုသူ ဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊ သူ့နေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါထာဝရဘုရားသည် မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကို ချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော်ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။
ဆင်းရဲသောသူကို မြေမှုန့်ထဲကလည်းကောင်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲကလည်းကောင်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။