Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 8:17

Judson Bible

အ​မြစ်​အား​ဖြင့် စမ်း​ရေ​တွင်း​ကို​ဝိုင်း၍ ကျောက်​ထူ​သော​အ​ရပ်​ကို တွေ့​မြင်​လျက်​ရှိ​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ၏​အ​မြစ်​တို့​သည် သွေ့​ခြောက်​လျက်၊ အ​ခက်​အ​လက်​တို့​လည်း သေ​လျက်​ရှိ​ကြ​လိမ့်​မည်။

ငါ့​အ​မြစ်​သည် ရေ​နား​မှာ​ပြန့်​ပွား၏။ ဆီး​နှင်း​သည် တစ်​ည​လုံး ငါ့​အ​ခက်​အ​လက်၌​ကျ၏။

သူ​သည် နေ​ပူ​မှာ စိမ်း​လန်း​လျက်၊ အ​ခက်​အ​လက်​အား​ဖြင့် မိ​မိ​ဥ​ယျာဉ်​ကို နှံ့​ပြား​လျက်၊

သူ့​ကို သုတ်​သင်​ပယ်​ရှင်း၍၊ မိ​မိ​နေ​ရာ​အ​ရပ်​က သင်​သည် ငါ​မ​တွေ့​မ​မြင်​စ​ဖူး​ဟူ၍ သူ့​ကို​ငြင်း​ပယ်​လိမ့်​မည်။

အ​ကယ်​စင်​စစ် သူ​တို့​ကို မ​စိုက်​မ​ပျိုး​ရ။ အ​ကယ်​စင်​စစ် သူ​တို့၏​မျိုး​စေ့​ကို မ​ကြဲ​ရ။ အ​ကယ်​စင်​စစ် သူ​တို့​အ​ပင်​သည် မြေ၌ အ​မြစ်​မ​စွဲ​ရ။ သူ​တို့​အ​ပေါ်​မှာ မှုတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ညှိုး​နွမ်း​သွေ့​ခြောက်၍၊ လေ​ပွေ​သည် သူ​တို့​ကို ဖွဲ​ကဲ့​သို့ တိုက်​လွှင့်​လိမ့်​မည်။

ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

နံ​နက်​အ​ချိန်​တွင် လမ်း၌​သွား​ကြ​စဉ်၊ သင်္ဘော​သ​ဖန်း​ပင်​သည် အ​မြစ်​မှ​စ၍ သွေ့​ခြောက်​လျက်​ရှိ​သည်​ကို မြင်​ကြ၏။-

မေ​တ္တာ​ပွဲ​လုပ်၍ သင်​တို့​နှင့်​အ​တူ စား​သောက်​သော​အ​ခါ အား​မ​နာ​ဘဲ၊ မိ​မိ​တို့​ကို​ဝ​စွာ​ကျွေး၍ ပွဲ၌ အ​စွန်း​အ​ကွက်​ဖြစ်​ကြ၏။ ရေ​မ​ရှိ၊ လေ​တိုက်၍​လွင့်​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​နွမ်း၍ အ​သီး​မ​တင်၊ နှစ်​ကြိမ်​သေ၍ နုတ်​ပစ်​သော သစ်​ပင်​ကဲ့​သို့​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ