ဂမာပင်သည် ရွှံ့မရှိဘဲ ကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင်သည် ရေမရှိဘဲ ကြီးပွားနိုင်သလော။
အဆင်းလှ၍ဝသောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သောမြက်ပင်ကို စားလျက်နေကြ၏။
ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။
ထိုအပင်သည် စိမ်းလျက် မရိတ်မဖြတ်သော်လည်း၊ အခြားအပင်ထက်သာ၍ ညှိုးနွမ်းတတ်၏။
နောက်တစ်ဖန်ဝှက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေးဖြင့်လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။