Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 7:11

Judson Bible

ထို​ကြောင့်​ငါ​သည် ကိုယ်​နှုတ်​ကို မ​ချုပ်​တည်း။ စိတ်​ပင်​ပန်း​လျက်​နှင့် စ​ကား​ပြော​ရ၏။ အ​လွန်​ညှိုး​ငယ်​သော စိတ်​နှင့် မြည်​တမ်း​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ သူ​တို့​အ​ချင်း​ချင်း​ဆို​ကြ​သည်​ကား၊ အ​ကယ်​စင်​စစ် ငါ​တို့​သည် ညီ၏​အ​မှု၌​အ​ပြစ်​ကြီး​ကြ၏။ သူ​သည် ငါ​တို့​ကို​တောင်း​ပန်​သော​အ​ခါ၊ သူ့​စိတ်​ဆင်း​ရဲ​ခြင်း​ကို ငါ​တို့​သည်​မြင်​လျက်​နှင့် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ ထို​ကြောင့် ဤ​အ​မှု​သည် ငါ​တို့​အ​ပေါ်​မှာ ယ​ခု​ရောက်​လာ​ပြီ​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။

ငါ့​ဝိ​ညာဉ်​သည် အ​သက်​ကို​ငြီး​ငွေ့၏။ မြည်​တမ်း​သော​အ​ပြစ်​ကို ခံ​ရ​မည်။ စိတ်​အ​လွန်​ညှိုး​ငယ်၍ ပြော​ရ​မည်။

အ​ကျွန်ုပ်​သည် ဆိုး​ညစ်​လျှင် အ​မင်္ဂ​လာ​ရှိ​ပါ၏။ ဖြောင့်​မတ်​သော်​လည်း ကိုယ်​မျက်​နှာ​ကို​မ​ပြ​ရ။ ကိုယ်​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကို​ဆင်​ခြင်၍ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ​ပါ၏။

တိတ်​ဆိတ်​စွာ​နေ၍ ငါ​ပြော​ပါ​ရ​စေ။ သို့​ပြီး​မှ အ​မှု​ရောက်​ချင်​တိုင်း ရောက်​ပါ​လေ​စေ။

ယ​ခု​မှာ​ငါ​သည် ပြော​သော်​လည်း မ​သက်​သာ၊ မ​ပြော​ဘဲ​နေ​လျှင်​လည်း ခြား​နား​ခြင်း​မ​ရှိ။

တစ်​ယောက်​သော​သူ​ကား တစ်​ခါ​မျှ​မ​ပျော်​မွေ့၊ စိတ်​ညှိုး​ငယ်​လျက် သေ​တတ်၏။

သ​တိ​ပြု​ပါ။ မ​တ​ရား​သော​အ​မှု​ကို မ​ငဲ့​ကွက်​နှင့်။ ထို​သို့​သော​အ​မှု​ကို ဆင်း​ရဲ​ခြင်း​ထက် သင်​သည် အ​လို​ရှိ​လေ​ပြီ​တ​ကား။

ငါ​စ​ကား​ပြော​ရုံ​ကာ​မျှ​ကို အ​ပြစ်​တင်​မည် ကြံ​စည်​ကြ​သ​လော။ မျှော်​လင့်​စ​ရာ​မ​ရှိ​သော​သူ ပြော​သော​စ​ကား​သည် လေ​သက်​သက်​ဖြစ်၏။

ငါ​သည်​မြည်​တမ်း​သော စ​ကား​ကို​ဖြတ်၍၊ ရွှင်​လန်း​သော​မျက်​နှာ​ကို ဆောင်​လျက်၊ ရဲ​ရင့်​ခြင်း​သို့ ရောက်​မည်​ဟု ငါ​ဆို​သော်​လည်း၊

ကိုယ်​အ​ထဲ​မှာ နှ​လုံး​ပူ​ဆွေး​ခြင်း​ရှိ၏။ ငါ​ညည်း​တွား​စဉ်၊ မီး​လောင်​လေ၏။ ထို​အ​ခါ​ငါ​သည် နှုတ်​မြွက်၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ပ​ရိသတ်​ကြီး​အ​လယ်​မှာ အ​ကျွန်ုပ်​ဟော​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို​ပိတ်၍ မ​နေ​ကြောင်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။

အ​ဘယ်​သို့ ငါ​ပြော​ရ​မည်​နည်း။ ငါ့​အား က​တိ​ပေး​တော်​မူ​ပြီ။ က​တိ​တော်​အ​တိုင်း​လည်း ပြု​တော်​မူ​ပြီ။ ငါ၌ ကျန်​ကြွင်း​သော နှစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ​သည် စိတ်​ဆင်း​ရဲ​ခြင်း​ကို အောက်​မေ့၍၊ ဖြည်း​ဖြည်း​သွား​ပါ​မည်။

အ​ကျွန်ုပ်​ခံ​ရ​သော ဝေ​ဒ​နာ​သည် ငြိမ်း​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သ​နား၍၊ ဖျက်​ဆီး​ရာ​တွင်း​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ အ​ကျွန်ုပ် အ​ပြစ်​ရှိ​သ​မျှ​တို့​ကို နောက်​တော်​သို့ ပစ်​လိုက်​တော်​မူ​ပြီ။

ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို​ခံ​လျက် အ​ထူး​သ​ဖြင့်​ကြိုး​စား၍ ဆု​တောင်း​တော်​မူ၏။ ချွေး​ထွက်​တော်​မူ​သည်​ကား၊ မြေ​ပေါ်၌​ကျ​သော သွေး​စက်​ခဲ​ကဲ့​သို့ ဖြစ်​သ​တည်း။-

အ​လွန်​ညှိုး​ငယ်​ပူ​ပန်​သော​စိတ်​နှင့် မျက်​ရည်​အ​များ​ကျ​လျက်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်၏။ သင်​တို့​ကို စိတ်​နာ​စေ​ခြင်း​ငှာ ငါ​ရေး​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​အား အ​လွန်​ချစ်​သော​မေ​တ္တာ​စိတ်​ကို သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​ရေး၏။

ဟ​န္န​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ထ၍၊ မျက်​ရည်​များ​စွာ​ကျ​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သည်​ကား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ