လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်းရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှားခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
အကျွန်ုပ်တစ်ဖက်၌ သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွားစေခြင်းငှာ ပြုတော်မူသဖြင့်၊ အကျွန်ုပ်တစ်ဖက်၌ ရန်စစ်တို့သည် အထပ်ထပ်ထကြပါ၏။
လူသည် မိန်းမဖွားသောသူ ဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။
မီးပွားတို့သည် အထက်သို့ ပျံတက်သည်နည်းတူ၊ လူသည် ဒုက္ခ၌ကျင်လည်ခြင်းငှာ မွေးဖွား၏။
ကျွန်ခံရသောသူသည် မိုးချုပ်သောအချိန်ကို တောင့်တ၍၊ အငှားခံသောသူသည် အခရမည့်အချိန်ကို မျှော်လင့်သကဲ့သို့၊
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်ပျက်တတ်သော သဘောကို သိရပါမည်အကြောင်း၊ အကျွန်ုပ်၏ လမ်းဆုံးကိုလည်းကောင်း၊ အကျွန်ုပ်၏ အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။
နာမ်ဝိညာဉ်ကိုအစိုးရ၍ ချုပ်ထားနိုင်သောလူ တစ်ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့် မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနုတ်နိုင်။
ယခုတစ်ဖန်မိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တစ်နှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေရှိသမျှကွယ်ပျောက်၍၊
သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ ပတ္ထနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။
စစ်မှုကို ထမ်းရသောအချိန်စေ့ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ယေရုရှလင်မြို့အား နှစ်သိမ့်စေသောစကားကို ပြော၍ ကြွေးကြော်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏လက်တော်၌ မိမိအပြစ်အတွက် နှစ်ဆခံရပြီ။
သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကိုရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကို ထောက်၍လည်းကောင်း၊ သူငှားလုပ်ရသည်ကာလကို ထောက်၍လည်းကောင်း၊ ကိုယ်အဖိုးကိုစီရင်ရမည်။
သင်၏ကျွန်ကိုလွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံသဖြင့်၊ သူငှားဆောင်ရွက်သော အမှုနှစ်ဆကို သူသည်ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခင် ထာဝရဘုရားသည်လည်း သင်ပြုလေရာရာ၌ ကောင်းချီးပေးတော်မူမည်။