Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 6:7

Judson Bible

လက်​နှင့်​မျှ မ​တို့​နိုင်၊ ငါ​မ​နှစ်​သက်​နိုင်​သော​အ​ရာ​ကို ရွံ​လျက်​နှင့် ငါ​စား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။

ဤ​သူ​ကို ထောင်​ထဲ​မှာ လှောင်​ထား​ကြ။ ငါ​သည် ငြိမ်​ဝပ်​စွာ​ပြန်၍ မ​လာ​မီ​တိုင်​အောင် ဆင်း​ရဲ​စွာ​စား​သောက်​စေ​ဟု အ​မိန့်​တော်​ရှိ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု စီ​ရင်၏။

အ​စာ​စား​ခြင်း​အ​ရာ၌ ငါ​ညည်း​တွား​ခြင်း ရှိ၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း မျက်​ရည်​သည်​လည်း ရေ​စီး​သ​ကဲ့​သို့​ဖြစ်၏။

မုန့်​နှင့်​မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို သူ၏​စိတ်​ဝိ​ညာဉ်​သည် ရွံ​ရှာ၏။

မ​မြိန်​သော​အ​ရာ​ကို ဆား​မ​ပါ​ဘဲ စား​နိုင်​သ​လော။ ကြက်​ဥ​အ​ကာ​သည် ဆိမ့်​သော​အ​ရ​သာ ရှိ​သ​လော။

ငါ​တောင်း​သော​အ​ရာ​ကို ရ​ပါ​စေ။ ငါ​တောင့်​တ​သော​အ​ရာ​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ပါ​စေ။

စိတ်​တော်​မ​ပြေ၊

ငါ​က​လည်း၊ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည်​ညစ်​ညူး​ခြင်း​သို့ မ​ရောက်​ပါ​သေး။ အ​လို​လို​သေ​သော​အ​ကောင်၊ သား​ရဲ​ကိုက်၍ သေ​သော​အ​ကောင်၊ ရွံ​ရှာ​ဖွယ်​သော​အ​ကောင်၏​အ​သား​ကို ငယ်​သော အ​သက်​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် အ​ကျွန်ုပ်​သည် မ​စား​ပါ​ဟု လျှောက်​လျှင်၊

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့၌ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​မည်။ မြို့​သား​တို့​သည် မုန့်​ကို​ချိန်​လျက်၊ စိုး​ရိမ်​သော​စိတ်​နှင့် စား​ရ​ကြ​မည်။ ရေ​ကို​လည်း ခြင်​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း​နှင့် သောက်​ရ​ကြ​မည်။

အ​ရက်​နှစ်​ဆယ်​တစ်​ရက် မ​စေ့​မီ မြိန်​သော​မုန့်​ကို​မ​စား။ အ​မဲ​သား​နှင့် စ​ပျစ်​ရည်​ကို မ​မြည်း။ ဆီ​လိမ်း​ခြင်း​ကို​လည်း အ​လျှင်း​မ​ပြု။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ