Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 6:27

Judson Bible

အ​ကယ်၍​သင်​တို့​သည် မိ​ဘ​မ​ရှိ​သော​သူ​ငယ်​ကို နှိပ်​စက်​ကြ၏။ အ​ဆွေ​ခင်​ပွန်း​ဖို့ တွင်း​ကို​တူး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်​သည် မု​ဆိုး​မ​တို့​ကို လက်​ချည်း​လွှတ်​လိုက်၍၊ မိ​ဘ​မ​ရှိ​သော သူ​ငယ်​တို့၏​လက်​ကို ချိုး​ပြီ။

မိ​ဘ​မ​ရှိ​သော​သူ​ငယ်၏​မြည်း​ကို မောင်း​သွား၍၊ မု​ဆိုး​မ၏​နွား​ကို အ​ပေါင်​ယူ​ကြ၏။

အ​ဘ​မ​ရှိ​သော​သူ​ငယ်​သည် အ​မိ​နို့​နှင့်​ကွာ​ရ၏။ ဆင်း​ရဲ​သား​သည် မိ​မိ​ဥ​စ္စာ​ကို ပေါင်​ထား​ရ၏။

အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဆင်း​ရဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ ကိုး​ကွယ်​ရာ​မ​ရ​သော​သူ အော်​ဟစ်​သော​အ​ခါ ကယ်​တင်​တတ်၏။

မိ​ဘ​မ​ရှိ​သော​သူ​တို့​အား စား​စ​ရာ​ကို​မ​မျှ​ဘဲ၊ ငါ​တစ်​ယောက်​တည်း စား​ဖူး​သ​လော။

ရုံး​တော်​တွင် ငါ့​ဘက်၌ နေ​သော​မင်း​ကို ငါ​သည်​မြင်၍၊ မိ​ဘ​မ​ရှိ​သော​သူ​ကို ညှဉ်း​ဆဲ​မိ​သော်​လည်း​ကောင်း၊

သူ​တို့​သည် ငါ​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ပြင်​ဆင်​ကြ​ပြီ။ ငါ့​ဝိ​ညာဉ်​သည် နှိမ့်​ချ​လျက်​ရှိ၏။ ငါ့​ရှေ့၌ တွင်း​ကို​တူး​ကြ​ပြီး​မှ ကိုယ်​တူး​သော တွင်း​ထဲ​သို့​ကိုယ်​ကျ​ကြ​ပြီ။

တွင်း​ကို​လည်း နက်​စွာ​တူး​သ​ဖြင့်၊ မိ​မိ​တူး​သော​တွင်း​ထဲ​သို့ မိ​မိ​ကျ​တတ်၏။

ဆင်း​ရဲ​သော​သူ​နှင့် မိ​ဘ​မ​ရှိ​သော​သူ​တို့​ကို စောင့်​မ​ကြ​လော့။ ငြို​ငြင်​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​ဘက်၌ တ​ရား​စီ​ရင်​ကြ​လော့။

တစ်​ပြည်​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​နှောင့်​ယှက်​မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။

ကျေး​ဇူး​ပြု​သော​အ​တွက် အ​ပြစ်​ပေး​သင့်​ပါ​မည်​လော။ သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ဖို့ တွင်း​ကို တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သည် သူ​တို့ အ​ကျိုး​အ​လို​ငှာ လျှောက်၍၊ သူ​တို့​မှ​အ​မျက်​တော်​ကို လွှဲ​ခြင်း​ငှာ၊ ရှေ့​တော်၌ ရပ်​နေ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။

စစ်​တိုက်​သော ရန်​သူ​များ​ကို သူ​တို့​ရှိ​ရာ​သို့ ချက်​ချင်း​ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​အိမ်​သား​များ အော်​ဟစ်​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​ကို ထောင်​ခြင်း​ငှာ တွင်း​ကို​တူး​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​သွား​ရာ​လမ်း၌ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။

သင့်​အ​လယ်၌ မိ​ဘ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ မိ​ဘ​မ​ရှိ​သော​သူ​နှင့် မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ​ကြ၏။

သူ​တို့​သည် ငါ၏​လူ​တို့​အ​ဖို့ စာ​ရေး​တံ​ချ​ကြ​ပြီ။ လူ​က​လေး​ကို ပြည်​တန်​ဆာ​နှင့်​လည်း​ကောင်း၊ မိန်း​မ​က​လေး​ကို မိ​မိ​သောက်​စ​ရာ စ​ပျစ်​ရည်​နှင့်​လည်း​ကောင်း ဖ​လှယ်​ကြ​ပြီ​တ​ကား။

သို့​သော်​လည်း၊ ထို​မြို့​ကို ရန်​သူ​တို့​သည် တိုက်၍ သိမ်း​သွား​ကြ​ပြီ။ မြို့​သား​ငယ်​တို့​ကို လမ်း​ဦး​ရှိ​သ​မျှ​တို့၌ ချိုး​ဖဲ့​လျက်၊ ဂုဏ်​အ​သ​ရေ​ရှိ​သော မြို့​သား​တို့​ကို စာ​ရေး​တံ​ချ​လျက်၊ အား​ကြီး​သော မြို့​သား​အ​ပေါင်း​တို့​ကို သံ​ကြိုး​ဖြင့် ချည်​နှောင်​လျက် ပြု​ကြ​ပြီ။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ