ထိုအတူ သင်တို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
သင်တို့သည် တစ်ယောက်မျှမကြွင်း၊ မုသားကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ၍၊ ငါချစ်သောသူတို့သည် ငါ့ရန်သူဖြစ်ကြ၏။
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ ရွေ့သွားကွယ်ပျောက် တတ်ကြ၏။
ငါ့ထံသို့ လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။
အကျွန်ုပ်၏အဆွေခင်ပွန်း၊ အပေါင်းအဖော်တို့သည် အကျွန်ုပ်အနာရောဂါကြောင့်၊ ဝေးဝေးရပ်လျက်၊ ပေါက်ဖော်တို့သည်လည်း၊ ရှောင်လျက်နေကြပါ၏။
အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ အသရေရှိသောသူတို့သည် မုသားဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက်သာ၍ပေါ့ကြ၏။
ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကိုမုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကိုသာ၍ ဝေးစွာရှောင်တတ်ကြ၏။ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။
နှာခေါင်းနှင့် အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာရှိသနည်း။
ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေခြင်းငှာပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကိုစွန့်ပစ်၍၊ အသီးအသီး ငါတို့နေရင်းပြည်သို့ သွားကြကုန်အံ့။ သူခံရသောအပြစ်သည် ကောင်းကင်တိုင်အောင် ရောက်၍၊ မိုးတိမ်ကို ထိလျက်ရှိ၏။
ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကိုငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။-
ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။
ပထမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။-