ငါ့ခွန်အားသည် ကျောက်ခွန်အား ဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။
သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့သို့ဖြစ်ကြ၏။
နှလုံးသည် ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ်ဆုံကျောက်ကဲ့သို့ မာ၏။
ငါမျှော်လင့်စရာအခွင့် ရှိရမည်အကြောင်း၊ ငါ့ခွန်အားကား အဘယ်သို့နည်း။ ငါသည် ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။
ငါသည် ကိုယ်ကိုမ မစနိုင်။ ငါ့ဉာဏ်လည်း ကုန်ပြီ။