Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 5:7

Judson Bible

မီး​ပွား​တို့​သည် အ​ထက်​သို့ ပျံ​တက်​သည်​နည်း​တူ၊ လူ​သည် ဒု​က္ခ၌​ကျင်​လည်​ခြင်း​ငှာ မွေး​ဖွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​သည် မိန်း​မ​ဖွား​သော​သူ ဖြစ်​သ​ဖြင့်၊ အ​သက်​တို၍ ဒု​က္ခ​နှင့်​ပြည့်​စုံ​ပါ၏။

လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပင်​ပန်း​စွာ​အ​မှု​ထမ်း​ရ​သည် မ​ဟုတ်​လော။ သူ​နေ​ရ​သော နေ့​ရက်​တို့​သည် အ​ငှား​ခံ​သော​သူ၏ နေ့​ရက်​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။

အ​ကျွန်ုပ်​တို့၏​အ​သက်​အ​ရွယ်​သည် အ​နှစ်​ခု​နစ်​ဆယ် အ​တိုင်း​အ​ရှည်​ရှိ​ပါ၏။ အား​ကြီး၍ အ​နှစ်​ရှစ်​ဆယ်​ပြည့်​သော်​လည်း၊ ဝါ​ကြွား​ခြင်း​သည် ပင်​ပန်း​ခြင်း​နှင့် ဝမ်း​နည်း​ခြင်း​ဖြစ်​ပါ၏။ ထို​အ​သက်​သည်​လည်း မြန်​မြန်​လွန်၍၊ အ​ကျွန်ုပ်​တို့​သည် စု​တေ့​ကြ​ပါ၏။

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် လူ​မ​ပြော​နိုင်​အောင် ပင်​ပန်း​ခြင်း​နှင့် ယှဉ်​ကြ၏။ မျက်​စိ​သည်​မြင်၍ မ​ကုန်​တတ်။ နား​သည်​လည်း ကြား၍​မ​ဝ​တတ်။

လူ​သည် နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​သော​အ​မှု၊ အ​လွန်​စိတ်​စွဲ​လမ်း​သော​အ​မှု၊ အ​လုံး​စုံ​တို့၌ အ​ဘယ်​အ​ကျိုး ရှိ​သ​နည်း။

သူ၏​နေ့​ရက်​အ​ပေါင်း​တို့​သည် ဝမ်း​နည်း​ခြင်း၊ သူ၏​အ​လုပ်​အ​ကိုင်​လည်း ငြို​ငြင်​ခြင်း​ဖြစ်၏။ ည​အ​ခါ၌​ပင် သူ၏​စိတ်​နှ​လုံး မ​ငြိမ်​ရ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။

ငါ​သည် ပူ​ပန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​ကို​ခံ​ရ​မည် အ​ကြောင်း​နှင့် ရှက်​ကြောက်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ကို လွန်​စေ​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​ကြောင့် ငါ့​ကို ဖွား​မြင်​ရ​ပါ​သ​နည်း။

လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ