Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 5:5

Judson Bible

သူ​ရိတ်​သော​စ​ပါး​ကို မွတ်​သိပ်​သော​သူ​သည်၊ ဆူး​ပင်​ကာ​သော​ခြံ​အ​ထဲ​က ယူ​သွား၍ စား​တတ်၏။ သူ၏​ပ​စ္စည်း​ဥ​စ္စာ​ကို​လည်း ရေ​ငတ်​သော​သူ​သည် မျို​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​များ​ကို စစ်​ချီ​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​နာ​ရှေ​ကို ဆူး​တော၌​ဖမ်း​မိ၍၊ သံ​ကြိုး​နှင့် ချည်​နှောင်​ပြီး​မှ၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​ကြ၏။

ရှေ​ဘ​အ​မျိုး​သား​တို့​သည် တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။

ထို​သို့​လျှောက်​စဉ်​တွင်၊ အ​ခြား​သော​သူ​တစ်​ယောက်​သည် လာ၍၊ ခါ​လ​ဒဲ​အ​မျိုး​သား တပ်​သုံး​တပ်​တို့​သည် ချီ၍ ကု​လား​အုတ်​တို့​ကို တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။

ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။

သူ​မျို​သော​စည်း​စိမ်​ဥ​စ္စာ​ကို တစ်​ဖန်​အန်​ရ​လိမ့်​မည်။ ဘု​ရား​သ​ခင်​လည်း သူ့​ကို ဝမ်း​နုတ်​တော်​မူ​မည်။

ဥ​စ္စာ​ကြွယ်​ဝ​စဉ်​တွင်​ပင် ဆင်း​ရဲ​ခြင်း​နှင့်​တွေ့၍၊ အ​မျိုး​မျိုး​သော အ​မှု​တို့​သည် ရောက်​ကြ​လိမ့်​မည်။

ထို​ကြောင့် ကျော့​ကွင်း​နှင့် ကျော့​မိ​ပြီ၊ ထိတ်​လန့်​သော​စိတ်​နှင့် ပင်​ပန်း​ရ၏။

သူ၌​ရှိ​သ​မျှ​ကို ကြွေး​ရှင်​သိမ်း​ယူ​ပါ​စေ။ သူ​လုပ်၍​ရ​သော ဥ​စ္စာ​ကို​လည်း တစ်​ပါး​အ​မျိုး​သား​လု​ယူ​ပါ​စေ။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​စ​ပါး​နှင့် နောက်​တစ်​ဖန် ငါ​မ​ကျွေး။ သင်​သည် ကြိုး​စား၍​လုပ်​သော စ​ပျစ်​ရည်​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​သောက်​ရ​ကြ။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ငါ​တို့​ကို ကိုက်​စား၍​နှိပ်​စက်​ပါ​ပြီ။ ငါ​တို့​ကို ဟင်း​လင်း​သော​အိုး ဖြစ်​စေ​ပါ​ပြီ။ န​ဂါး​မျို​တတ်​သ​ကဲ့​သို့ ငါ​တို့​ကို​မျို၍၊ ငါ​တို့​ပျော်​မွေ့​စ​ရာ​အ​ရာ​တို့​နှင့် မိ​မိ​ဝမ်း​ကို ပြည့်​စေ​ပါ​ပြီ။ ငါ​တို့​ကို နှင်​ထုတ်​ပါ​ပြီ။

ဗာ​ဗု​လုန်​မြို့၌ ဗေ​လ​ဘု​ရား​ကို​လည်း ငါ​သည် ဒဏ်​ပေး​မည်။ သူ​မျို​သော​အ​ရာ​တို့​ကို တစ်​ဖန် အန်​စေ​မည်။ လူ​အ​မျိုး​မျိုး​တို့​သည် နောက်​တစ်​ဖန် သူ့​ထံ​မှာ မ​စည်း​ဝေး​ရ​ကြ။ မြို့​ရိုး​လည်း ပြို​လဲ​လျက်​ရှိ​ရ​လိမ့်​မည်။

သင်၏​ရန်​သူ​အ​ပေါင်း​တို့​သည် သင့်​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ၏။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ။ အ​ကယ်​စင်​စစ် ဤ​သည်​နေ့​ကား၊ ငါ​တို့​မျှော်​လင့်​ခဲ့​ပြီး​သော နေ့​ဖြစ်၏။ ငါ​တို့​တွေ့​မြင်​ရ​ပြီ​ဟု ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ အံ​သွား​ကို ခဲ​ကြိတ်​လျက် ဆို​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို​လည်း​ကောင်း၊ ဘုံ​ဗိ​မာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း မျို​တော်​မူ​ပြီ။ ရဲ​တိုက်​တို့​ကို ဖြို​ဖျက်​တော်​မူ​ပြီ။ ယု​ဒ​သ​တို့​သ​မီး ငို​ကြွေး​မြည်​တမ်း​သော အ​ကြောင်း​တို့​ကို များ​ပြား​စေ​တော်​မူ​ပြီ။

လေ​မျိုး​စေ့​ကို​ကြဲ၍ လေ​ပွေ​စ​ပါး​ကို ရိတ်​ရ​ကြ​လိမ့်​မည်။ စ​ပါး​ပင် မ​ရှိ​ရ။ အ​နှံ​ထဲ​က မုန့်​ညက်​မ​ထွက်​ရ။ ထွက်​သော်​လည်း တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် စား​ကြ​လိမ့်​မည်။

သင်​မ​သိ​မ​ကျွမ်း​သော​လူ​မျိုး​သည် သင့်​နေ​ရာ​ပြည်၏ အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ သင်​လုပ်​ဆောင်၍​ရ​သော ဥ​စ္စာ​ကို​လည်း​ကောင်း စား​လိမ့်​မည်။ သင်​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​သာ အ​စဉ်​မ​ပြတ်​ခံ​ရ​လိမ့်​မည်။

သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထို​ရန်​သူ​သည် သင်၏​သိုး​သ​ငယ်၊ နွား​သ​ငယ်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​လိမ့်​မည်။ သင့်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​နွား​အ​စီး​အ​ပွား​ကို သင့်​အ​ဖို့ မ​ချန်​မ​ထား​ရ။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် လာ၍၊ ဩ​ဖ​ရ​ရွာ​မှာ အ​ဗျေ​ဇာ​အ​မျိုး​သား​ယော​ရှ​ပိုင်​သော သ​ပိတ်​ပင်​အောက်၌ ထိုင်​လေ၏။ ယော​ရှ​သား​ဂိ​ဒေါင်​သည် မိ​မိ​စ​ပါး​ကို မိ​ဒျန်​လူ​တို့ မ​တွေ့​စေ​ခြင်း​ငှာ၊ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​အ​နား​မှာ စ​ပါး​ကို​နယ်​လျက်​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ