Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 5:17

Judson Bible

အ​ပြစ်​နှင့်​အ​လျောက် ဘု​ရား​သ​ခင် စစ်​ဆေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထို​ကြောင့် အ​န​န္တ​တန်​ခိုး​ရှင် ဆုံး​မ​တော်​မူ​ခြင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် စိတ်​နှ​လုံး​ကို​ပြင်​ဆင်၍ လက်​တို့​ကို ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆန့်​လျှင်​လည်း​ကောင်း၊

သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သာ​ခြင်း​အ​ကြောင်း နည်း​သ​လော။ သင်၌ ဝှက်​ထား​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။

အ​မှု​ရောက်​သော ဆင်း​ရဲ​သား​တို့​ကို ကယ်​တင်​တော်​မူ၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ နား​ထောင်​စေ​ခြင်း​ငှာ ပြု​တော်​မူ၏။

ထို​သို့​သင့်​ကို​လည်း ကျဉ်း​မြောင်း​သော​အ​ရပ်​မှ ကျယ်​ဝန်း​ရှင်း​လင်း​သော​အ​ရပ်​သို့ ပြောင်း​စေ၍၊ သင်၏​စား​ပွဲ​ပေါ်​မှာ ကောင်း​သော​အ​ရ​သာ​နှင့်​ပြည့်​စုံ​သော ခဲ​ဖွယ်​စား​ဖွယ်​ကို တင်​ထား​တော်​မူ​လိမ့်​မည်။

သင်​သည်​မ​ဆိုင်း​မ​လင့်၊ သန့်​ရှင်း​ဖြောင့်​မတ်​သော သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို​ရှာ၍၊ အ​န​န္တ​တန်​ခိုး​ရှင်​အား တောင်း​ပန်​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကျပ်​တည်း​စွာ ဆုံး​မ​သော်​လည်း၊ သေ​ခြင်း၌ အပ်​တော်​မ​မူ​သေး။

အို ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တွင်း​တူး​စဉ်​အ​ခါ၊

ဧ​ဖ​ရိမ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဆုံး​မ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ရိုင်း​သော​နွား​လား​ကဲ့​သို့ ဆုံး​မ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ပြန်​လာ​ပါ​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

အ​ဘ​သည် သား​ကို​ဆုံး​မ​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆုံး​မ​တော်​မူ​သည်​ကို စိတ်​ထဲ​မှာ​အောက်​မေ့​ရ​မည်။

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။-

သည်း​ခံ​နိုင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍ ငါ​တို့​သည် ခေါ်​ကြ၏။ ယော​ဘ​သည် သည်း​ခံ​ကြောင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​အ​မှု​ကို လက်​စ​သတ်​တော်​မူ​ရာ​မှာ အ​လွန်​သ​နား စုံ​မက်​တော်​မူ​ကြောင်း​ကို​လည်း သိ​မြင်​ရ​ကြ​ပြီ။

ငါ​ချစ်​သ​မျှ​သော သူ​တို့၏​အ​ပြစ်​ကို ငါ​စစ်​ဆေး၍ သူ​တို့​ကို​ဆုံး​မ​တတ်၏။ ထို​ကြောင့် ကိုယ်​စိတ်​ကို ကိုယ်​နှိုး​ဆော်​လော့။ နောင်​တ​ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ