Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 42:8

Judson Bible

သို့​ဖြစ်၍ နွား​ထီး​ခု​နစ်​ကောင်​နှင့် သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ယူ​ပြီး​လျှင်၊ ငါ့​ကျွန်​ယော​ဘ​ထံ​သို့ သွား၍၊ မိ​မိ​တို့​မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ကြ​လော့။ ငါ့​ကျွန်​ယော​ဘ​သည် သင်​တို့​အ​ဖို့ ဆု​တောင်း​ရ​မည်။ သူ၏​မျက်​နှာ​ကို ငါ​ထောက်​မည်။ သို့​မ​ဟုတ် ငါ့​ကျွန်​ယော​ဘ​သည် ငါ့​အ​ကြောင်း​အ​ရာ​တို့​ကို ဟုတ်​မှန်​စွာ​ပြော​သ​ကဲ့​သို့၊ သင်​တို့​သည် မ​ပြော​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို​ဆု​တောင်း၍၊ ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​နှင့် သူ၏​မ​ယား၊ သူ၏​ကျွန်​မ​တို့​ကို​အ​နာ​ပျောက်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သား​ကို​ဖွား​ကြ​၏။

ယ​ခု​မှာ၊ သူ၏​မ​ယား​ကို သူ့​အား​ပြန်​ပေး​လော့။ သူ​သည် ပ​ရော​ဖက်​ဖြစ်၏။ သင့်​အ​ဖို့​ဆု​တောင်း​လျှင်၊ သင်​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ပြန်၍​မ​ပေး​ဘဲ​နေ​လျှင်၊ သင်​မှ​စ၍၊ သင်​နှင့်​ဆိုင်​သော​သူ​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​သေ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​တို့​ကို ဘု​ရား​သ​ခင်​မ​စ​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​သည် နွား​ခု​နစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။

နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊

ပွဲ​ခံ​သော​နေ့​ရက် လွန်​သော​အ​ခါ၊ ယော​ဘ​သည် သူ​တို့​ကို​ခေါ်၍ သန့်​ရှင်း​စေ​ပြီး​လျှင် နံ​နက်​စော​စော​ထ၍ သူ​တို့​အ​ရေ​အ​တွက်​အ​တိုင်း မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ့​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​သား​တို့​သည် မှား​ယွင်း၍ စိတ်​နှ​လုံး​ထဲ၌ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်​ကြ​ပြီ​လော​ဟု ယော​ဘ​အောက်​မေ့၏။ ထို​သို့ ယော​ဘ​သည် အ​စဉ်​ပြု​မြဲ​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်​သည်​ဟု စာ​တန်​အား​မိန့်​တော်​မူ၏။

အ​ပြစ်​မ​ကင်း​သော​သူ​ကို​ပင် ကယ်​နုတ်​တော်​မူ​လိမ့်​မည်။ သင်​ပြု​သော​အ​မှု သန့်​ရှင်း​သော​အား​ဖြင့် သူ​သည်​ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။

သင်​ပြု​သော​ဒု​စ​ရိုက်​သည် သင်​နှင့်​တူ​သော လူ​သ​တ္တ​ဝါ​ကို​သာ ထိ​ခိုက်​နိုင်၏။ သင်​ပြု​သော​သု​စ​ရိုက်​သည်​လည်း လူ​သား​တို့၌​သာ ကျေး​ဇူး​ပြု​နိုင်၏။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း တေ​မန်​အ​မျိုး​သား ဧ​လိ​ဖတ်၊ ရှု​အာ​အ​မျိုး​သား ဗိ​လ​ဒဒ်၊ နေ​မတ်​အ​မျိုး​သား ဇော​ဖာ​တို့​သည် သွား၍​ပြု​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ယော​ဘ၏​မျက်​နှာ​ကို ထောက်​တော်​မူ၏။

ငါ​တို့​ပြစ်​မှား​ခြင်း​နှင့် အ​လျောက် ငါ​တို့၌​ပြု​တော်​မ​မူ​တတ်။ ငါ​တို့၌ ဒု​စ​ရိုက်​ရှိ​သည်​အ​တိုင်း အ​ပြစ်​ကို ပေး​တော်​မ​မူ​တတ်၊

မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ဖို့ မေ​တ္တာ​ပို့၍ ဆု​မ​တောင်း​နှင့်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။

နော​ဧ၊ ဒံ​ယေ​လ၊ ယော​ဘ၊ ဤ​သုံး​ယောက်​ရှိ​သော်​လည်း၊ ကိုယ်​ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကိုယ်​အ​သက်​ဝိ​ညာဉ်​ကို​သာ ကယ်​နုတ်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ပွဲ​နေ့​ခု​နစ်​ရက်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို နွား​ထီး​ခု​နစ်​ကောင်၊ အ​ပြစ်​မ​ပါ​သော​သိုး​ထီး ခု​နစ်​ကောင်​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ် တစ်​ကောင်​ကို​လည်း​ကောင်း နေ့​တိုင်း​ပူ​ဇော်​ရ​မည်။

ထို​အ​ခါ ဗာ​လမ်​က၊ ဤ​အ​ရပ်၌​ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊

ပိ​သ​ဂါ​တောင်​ပေါ်၊ ဇော​ဖိမ်​လယ်​ပြင်​သို့​ဆောင်​သွား၍ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​ပြီး​မှ၊ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။

ဗာ​လမ်​က​လည်း၊ ဤ​အ​ရပ်၌ ငါ့​အ​ဖို့ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​လော့။ နွား​ထီး​ခု​နစ်​ကောင်၊ သိုး​ထီး​ခု​နစ်​ကောင်​တို့​ကို​ပြင်​ဆင်​လော့​ဟု ဗာ​လက်​မင်း​အား​ဆို​သည်​အ​တိုင်း၊

ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

ပန်း​တဉ်း​သ​မား​အာ​လေ​ဇ​န္ဒြု​သည် ငါ၌ မ​ကောင်း​သော အ​မှု​အ​များ​ကို ပြု​လေ​ပြီ။ ထို​သူ​ကျင့်​သော အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သ​ခင်​ဘု​ရား ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။-

အ​ကြောင်း​မူ​ကား၊ နွား၊ ဆိတ်၏​အ​သွေး​သည် အ​ပြစ်​ကို မ​ပယ်​နိုင်​ရာ။

ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

နာ​သော​သူ​ရှိ​လျှင်၊ သင်း​အုပ်​ကို​ခေါ်၍ သူ​တို့​သည် သ​ခင်​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ လူ​နာ​ကို​ဆီ​နှင့်​လူး၍ သူ့​အ​ပေါ်​မှာ ဆု​တောင်း​ကြ​စေ။-

အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-

ညီ​အစ်​ကို​ချင်း​သည် သေ​ပြစ်​မ​သင့်​သော​ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ကို တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မြင်​လျှင်၊ ထို​သူ​သည် ဆု​တောင်း​ရ​မည်။ သေ​ပြစ်​ကို မ​ပြု​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သူ​အား အ​သက်​ကို​ပေး​တော်​မူ​မည်။ သေ​ပြစ်​သင့်​သော ဒု​စ​ရိုက်​ရှိ၏။ ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို လွှတ်​စေ​ခြင်း​ငှာ ဆု​တောင်း​ရ​မည်​ဟု ငါ​မ​ဆို။-

ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။-

ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-

သူ​ဆောင်​ခဲ့​သော လက်​ဆောင်​ကို သူ၏​လက်​မှ​ခံ​ယူ၍၊ သင်​သည် နေ​ရာ​အိမ်​သို့ ငြိမ်​ဝပ်​စွာ​သွား​လော့။ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ သင်၏​မျက်​နှာ​ကို​လည်း ထောက်၍ နေ​မည်​ဟု​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ