Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 42:5

Judson Bible

သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဤ​ရွေ့​ကား၊ အ​မှု​တော်​အ​ရိပ်​အ​မြွက်​သာ ဖြစ်၏။ စ​ကား​တော် အ​သံ​အ​နည်း​ငယ်​ကို​သာ နား​ကြား​ရ၏။ တန်​ခိုး​တော်​မိုး​ကြိုး​သံ​ကို အ​ဘယ်​သူ​နား​လည်​နိုင်​သ​နည်း​ဟု မြွက်​ဆို၏။

အ​ဗ​ဒ္ဒုန်​မင်း​နှင့် သေ​မင်း​တို့​က၊ ပ​ညာ၏​သ​တင်း​ကို နား​နှင့်​ကြား​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဆို​တတ်​ကြ၏။

ဘု​ရား​သ​ခင်​သည် လူ၏​နား​ကို​ဖွင့်၍ ဆုံး​မ​ပေး​တော်​မူ​တတ်၏။

တစ်​ရံ​ရော​အ​ခါ ငါ​သည် တိတ်​ဆိတ်​စွာ ဗျာ​ဒိတ်​တော်​ကို​ရ၍ တိုး​သော​အ​သံ​ကို ကြား​ရ၏။

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။

ဩ​ဇိ​မင်း​ကြီး အ​နိ​စ္စ​ရောက်​သော​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​လွန်​မြင့်​မြတ်​သော ပ​လ္လင်​ပေါ်​မှာ​ထိုင်​တော်​မူ​သည်​ကို ငါ​မြင်၏။ အ​ဝတ်​တော်​တန်​ဆာ​သည် ဗိ​မာန်​တော်​ကို​ဖြည့်​လေ၏။

ငါ​က​လည်း၊ ငါ၌​အ​မင်္ဂ​လာ​ရှိ၏။ ငါ​အ​ကျိုး​နည်း​ပြီ။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​လျက်၊ ညစ်​ညူး​သော​နှုတ်​ခမ်း​ရှိ​သော လူ​မျိုး​တွင်​နေ​လျက်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ရှင်​ဘု​ရင်​ကို၊ ကိုယ်​မျက်​စိ​နှင့် မြင်​လေ​ပြီ​တ​ကား​ဟု ဆို၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

ဟေ​ရှာ​ယ​သည် ဘုန်း​အာ​နု​ဘော်​တော်​ကို​မြင်၍ ဗျာ​ဒိတ်​တော်​ကို​ပြန်​စဉ်​တွင် ထို​စ​ကား​ကို ဟော​ပြော​သ​တည်း။-

ငါ့​ကို ကြည့်​မြင်​သော​သူ​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ကို ကြည့်​မြင်၏။-

သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ