သင်၏အပေါင်းအဖော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။
ငှက်နှင့်ကစားသကဲ့သို့ သူနှင့် ကစားမည်လော။ သင်၏မိန်းမကလေးတို့အဖို့ သူ့ကို ချည်နှောင်မည်လော။
သူ၏အရေကို မှိန်းနှင့်လည်းကောင်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်လည်းကောင်း၊ အနှံ့အပြား ထိုးဖောက်နိုင်သလော။
ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှာ အပေါင်းအဖော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။