လည်ပင်း၌ တန်ခိုးနေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်တတ်၏။
သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုးကြိုးလက္ခဏာကို သွင်းသလော။
သူ၏တန်ခိုးသည် ခါး၌လည်းကောင်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌လည်းကောင်း တည်လျက်ရှိ၏။
အသက်ရှူသောအခါ မီးခဲတောက်၍ ပါးစပ်ထဲက မီးလျှံထွက်တတ်၏။
အသားအကြောတို့သည် တစ်ခဲနက်ဖြစ်၍ မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။
သူတို့ကို မရဏနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်။ အို သေမင်း၊ သင့်ကို ကာလနာစွဲစေမည်။ အို မရဏနိုင်ငံ၊ သင်၌ ဖျက်ဆီးသောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်းကို ပမာဏမပြု။